X

1.7K 180 16
                                    

*Scroll down for Zawgyi*

ဓာတ်လှေကားထဲ ကျနော်ရှိနေတာကိုသတိမထားဘဲ တံခါးပြန်ပွင့်လာလျှင်ချင်း အသံမြည်နေတဲ့ဖုန်းကိုကြည့်ပြီးဝင်ချလာတဲ့ သူ ရယ် ...

အနောက်နားမှာကျနော်ရှိနေတာကို အာရုံမရောက်၊ သူသွားမယ့်အထပ်ကို အလျင်စလိုနှိပ်ပြီး ကျနော့်ရှေ့မှာ ကျောပေးလျက် တစ်ဖက်ကလူနဲ့ဖုန်းပြောနေတဲ့ လူကြီးကို ... ခေါင်းငုံ့ထားရာမှ ချစ်စရာကောင်းစွာ မျက်လုံးလေးတွေလှန် ခိုးကြည့်ပြီး ကြိတ်ပြုံးလိုက်သည်

\ အိုကေ ဒီလောက်ဆို... /

ရတဲ့အခွင့်ကောင်းကို အသုံးချဖို့ရာ သူ့မျက်နှာကို အနောက်ကနေ တစ်ချက် လှမ်းcheckလိုက်သည် ... သူ့ဈာန်နဲ့သူရှိနေတာ သေချာပြီဆိုတော့မှ ...

လက်ထဲမှာရှိနေတဲ့ ချစ်စရာ🐳ပုံစံ keychainလေးကို
ရှေ့တည့်တည့်က ကျနော်နဲ့ နီးကပ်စွာရှိနေတဲ့ သူ့ကျောပိုးအိတ်ရဲ့ဇစ်မှာ သေချာလေး အသံမထွက်အောင် တပ်ပေးလိုက်သည်

တပ်လည်းပြီးရော သူက ဖုန်းပြောလို့ပြီးသွားတာကြောင့် လက်အမြန်ရုတ်လိုက်ကာ ကျနော့်ဖုန်းကိုထုတ်ပြီး လိုင်းသုံးသလို ဟန်ဆောင်လိုက်သည် ...

Phanaမှာတော့ ဘာမှမသိစွာ ... ပွင့်သွားတဲ့ဓာတ်လှေကားထဲကနေ သတိလက်လွတ် ထွက်ခွာသွားတော့မှ အောင်နိုင်သူအပြုံးမျိုးက Yo မျက်နှာထက်တွင် ဆွဲဆောင်မှုရှိနေလျက်။

~~~~~~~~~~~~~~~

Phana ရောက်လာတော့ တစ်ယောက်နဲ့တစ်ယောက် ကပ်ရပ်ထိုင်နေကြပြီး ... လိုချင်တာမရလို့ကောက်နေတဲ့ကလေးတွေလို စူပုတ်နေကြတဲ့ Kitနဲ့Beamကို တွေ့လိုက်ရတော့ ခွီးကနဲ့ ... ရယ်ချချင်တဲ့စိတ်ကို အမြန်ထိန်းချုပ်လိုက်ကာ မျက်နှာပိုးမသတ်နိုင်ဘဲ စပ်ဖြီးဖြီးနဲ့ သူတို့နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင် နေရာမှာ ဝင်ထိုင်လိုက်မိတော့

- ဘာလို့ကြာနေတာလဲ Ai Phaaa!!!!!!!

- အမလေး!!!

ထိုင်ထိုင်ချင်း နှစ်ယောက်သား ဂျိုကြည့်တွေနဲ့ပေါင်းပြီးအော်ချလိုက်တာကြောင့် လန့်ဖျန့်ကာ လိပ်ပြာလွင့်မတတ်ဖြစ်သွားတဲ့ Phana

Love Quizzed GameWhere stories live. Discover now