စတင်​ခြင်း

13K 733 54
                                    

ဟိုး​ရှေး​ရှေးတုန်းကလို့
အစချီတဲ့ပုံပြင်​တပုဒ်​မှာ
ပန်းပွင့်​နဲ့​နေမင်းဟာ
ဒွန်​တွဲ​နေကြသတဲ့..

🌻🌻🌻🌻ပန်းပုံပြင်​🌻🌻🌻🌻

ရွက်​​ကြွေဝါ​တေ​မြေမှာခဆင်းလို့

နွေ​လေ​ပြေက..​အေးမြတယ်​..

ချိုသာတဲ့​နွေငှက်​ရဲ့တွန်​ကြူးသံက

ပီးခဲ့တဲ့​ဆောင်းကို..နှုတ်​ဆက်​​နေသလို

နှင်းစက်​​တေကြား​​ပျောက်​ကွယ်​​နေတဲ့

နန်း​တော်​ရဲ့ကြမ်းခင်း​တေက..

အခု​တော့အ​ပူဓာတ်​သဲ့သဲ့နဲ့ကြမ်းရှလို့​နေတယ်​..

မြင်​​လေရာပြည့်​တဲ့..
အပျို​တော်​​တေနဲ့
အထိန်း​တော်​ကြားအရာရာဟာ
ပြည့်​စုံ​နေပါ​ပေမဲ့

တခါတ​လေ​တော့လဲ...
နန်းတက်​မင်းသားဖြစ်​တဲ့..
ကျ​နော့အကို​တော်​ကို..
လွမ်းမိပါတယ်​..

**ဟား...ဟား.. ကိုယ်​​တော်​ရဲ့ ညီ​တော်​ကဘယ်​ဆိုးလို့လဲ? ကဗျာစာ​ပေစသင်​တာသိပ်​​တောင်​မကြာ​သေး​ပေမဲ့..ကိုယ်​​တော့်​ထက်​​တောင်​​တော်​​နေပါလား?**

ရိုးရှင်း​သောလက်​ရာမ​မြောက်​သည့်
စာတို​ပေစတခုသာဖြစ်​ပါ​သော်​လဲ
လူအများကြား ကျ​နော့ဂုဏ်​မညိုး​စေရန်​..
ချီးကျူး​ထောပနာပြုသည့်
သူက နှစ်​​ထောင်းအားရဟန်​အပြည့်​နှင့်​.

စစ်​ပွဲရဲ့အဆင်​အယင်​ဖြစ်​တဲ့..
ပြောင်​​ပြောင်​လက်​လက်​ချပ်​ဝတ်​တန်​ဆာ​တေ​တောင်
မလဲလှယ်​ရ​သေးသည့်​..
အောင်​ပွဲရ နန်းတက်​မင်းသားမျက်​နှာက..
အပြုံး​တေ​ဝေလို့..

ဥာဏ်​​လေးလက်​၁ဆစ်​နဲ့ထိုအပြုံး​တေကို
ကျ​နော ပီတိပြုံးလို့
ခေါင်းစဉ်​တပ်​ကာ..
ကျေနပ်​​နေမိသည်​..

တို်​က်​ပွဲတိုင်းတွင်
ရန်​သူတိုင်း၏​ခေါင်းကို
တိခနဲ​နေ​အောင်​ဖြတ်​နိုင်​သဖြင့်
သွေးဆာ​ဘီလူးဟုပင်​အမည်​တတ်​ခံရ​သောသူသည်​..
ကျ​နော့​ရှေ့တွင်​​တော့
နူးညံ့စွာပြုံး​လေ့ရှိပီး
သူ့အပြုံး​တေတိုင်းကကျ​နော့ရင်​ကို
အေးချမ်း​စေသည်​ပင်​.

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now