This part is only for WuYiFan's BD
Pls enjoy 😊
🌸🌸🌸 ပန်းပုံပြင် 🌸🌸
အေးစိမ့်သော ရေအလျဉ်စီးဆင်းနေသည့် စမ်းချောင်းငယ်သည် နေရောင်အောက်တွင် ပြဒါးရေတို့အသွင်ဆောင်ကာ တလက်လက်နှင့်။မြစ်နှင့်ဆက်နေသည့်စမ်းချောင်းဖြစ်တာကြောင့်အောက်ခြေရှိ သဲမှုန်နှင့်ကျောက်အခဲလေးတို့အားမြင်ရလောက်သည်အထိပင် ကြည်လင်လှသည်။ဆောင်းဦးဝင်စဖြစ်၍ ရာသီဥတုသည် အအေးဓာတ်ညီညီ နှင့်မျှတနေသည်မို့ အကိုင်းအလက်စုံသော အပင်တိုင်းသည် စိမ်းလန်းနေလေ၏။ စမ်းချောင်းဘေးတွင် မျိုးချထားသည့် နှင်းပန်းခင်းမှ အပင်လတ်လေးများအား တချက်လှမ်းကြည့်ကာ
"ညီတော်ရော!အထိန်းတော်ကြီး...."
"မရောက်သေးပါဘူး!မင်းသားလေး..ဒီနေ့ထာအိုမင်းသားရဲ့ ဆွေမျိုးတချို့နန်းတော်ကို လာမှာကြောင့် အနည်းငယ်နောက်ကျမယ်ထင်ပါတယ်.."
အထိန်းတော်ကြီးစကားကြောင့်
လူပျိုဖော်ဝင်စအရွယ်မင်းသားငယ် မျက်နှာက ရှုံ့မဲ့သွားကာ" ဟင်းးးးး ဒီလိုမှန်းသိရင် အဆောင်တော်အရင်ပြန်ပီး ရေချိုးသန့်စင်ပါတယ်.."
လက်တွင် ကပ်နေသော မြေမှုန်တို့အား စိတ်ပျက်လက်ပျက်နှင့်ခါရင်း စမ်းချောင်းဘေးတွင် ထိုင်ချလိုက်သည့် မင်းသားကြောင့် အနောက်တွင်တတန်းကြီးရပ်နေသော ခြွေရံများနှင့် အထိန်းတော်တေ ရှူပ်ယှက်ခတ်သွားလေသည်။
"မင်းသားလေး ရာဇအိနြေ္ဒထိန်းတော်မူပါဦး..အနေအထိုင်ဆင်ခြင်သင့်ပါတယ်.."
ခြေထောက်တချောင်းထောင်ကာ စမ်းချောင်းထဲမှ ရေတို့အား လက်တဖက်နှင့်တို့ထိနေသည့် မင်းသားငယ်မျက်နှာမှ ထင်ရှားသည့် မျက်ခုံးတန်းနှဖက်သည်သိသိသာသာပင် အလယ်တွင် စုသွားလေသည်။အမောပြေညီတော်ကိုမြင်ရမည်ထင်၍ တိုက်ခိုက်ရေးလေ့ကျင့်ကွင်းမှ တန်းလာသည်မို့ လူက ပင်ပန်းနေရသည့်ထဲတွင် ဒီသက်ကြားအိုတေက ဝင်ရှုပ်နေသေးပြန်သည်။
စိတ်ရှုပ်သည့်နောက်တွင် ဒေါသကကပ်ပါလာတော့ တို့ထိနေသည့် ရေတို့ကို ဗွမ်းခနဲမြည်အောင် လက်နှင့်ရိုက်ချလိုက်သည်။
YOU ARE READING
ပန်းပုံပြင် [ TaoRis ]
Fanfictionဟိုးရှေးရှေးတုန်းကလို့ အစချီတဲ့ပုံပြင်တပုဒ်မှာ ပန်းပွ့င့်နဲ့နေမင်းဟာ.. ဒွန်တွဲနေကြသတဲ့.. Genre_ Yaoi Incest KRISTAO