တမ်းတခြင်း

4.5K 540 45
                                    

** မင်းသား​လေး... အ​ရှေ့မှာ အိမ်​​ရှေ့မင်းသားကြွလာ​နေပါတယ်​**

နံ​ဘေးမှဟွမ်​ကုန်းကုန်းခပ်​တိုးတိုးသတိ​ပေးသံကြား​တော့ ကျ​နော ​ခေါင်းငုံ့လျက်​ပင်​ ​ဘေးကိုကပ်​ကာ
အရိုအ​သေ​ပေးပီး ရပ်​​နေလိုက်​သည်​..
တွန့်​ဆုတ်​ခြင်းမဲ့စွာ
ကျ​နော့​​​ရှေ့မှ ဖြတ်​​ကျော်​သွားသည့်
သူ့​ခြေနင်း​တော်​​ရွှေ​ရောင်​ကို
ငေး​မောရင်း
ကျ​နော အသံတိတ်​နာကျင်​နေမိသည်​..

ကျ​နော့ကို ဂရုမစိုက်​​တော့သလို
အ​ခေါ်မပြု​တော့သည့်​သူက
ပုံမှန်​လည်​ပတ်​​နေနို်​င်​သည့်​တိုင်
ကျ​နောက​တော့..
ယခုလိုသူ့​အေးစက်​မှု​တေနှင့်​မျက်​နှာချင်းဆိုင်​ကြုံတိုင်း
မျက်​နှာမထားတတ်​​အောင်
မွန်းကြပ်​မှု​တေနှင့်​ပူ​လောင်​​နေ​လေ့ရှိသည်​.

ကြိမ်​ဒဏ်​ဆယ်​ချက်​တိတိမှ
ရရှိသည့်​ကျ​နော့​ကျောပြင်​မှ
ဒဏ်​ရာထက်
ရက်​စက်​လှစွာသူ​ပေးရက်​​လေသည့်
နှလုံး​သား​ပေါ်မှဒဏ်​ရာကပိုနက်​ရှိုင်း​​​သည်​​လေ.

**သွားလို့ရပါပီ..မင်းသား​လေး**

**​သြော်​..အင်း..**

သူ့​နောက်​တွင်​ကပ်​ငြိပါသွား​သော
ကျ​နောစိတ်​အစဉ်​က
ယခုမှကျ​နော့ထံပြန်​လည်​​ရောက်​ရှိလာကာ
သတိဝင်​လာ​လေသည်​..

ယ​နေ့သည်​ တမြန်​​နေ့ကလိုပင်​ဖြစ်​သည်​.
မနက်​ဖြန်​​တေတိုင်းသည်​လည်း
ယ​နေ့လိုပင်​ဖြစ်​​နေလိမ့်​မည်​ထင်​သည်​.
ဖြစ်​ရပ်​​တေတိုင်းသည်​ ထပ်​တူညီကာ
ပုံ​သေပန်းချီကားချပ်​တခုလို ..
သူ့​ကျောပြင်​ကိုအစဉ်​မြဲမြင်​​နေရခြင်းသည်
ကျ​နော့ကို အတိုင်းမသိနာကျင်​​စေ၏..

ကျ​နောနှင့်​ BaiXian ကို
သူအမျက်​ရှသွားသည်​မှန်း
နားလည်​​သော်​လဲ
ယခု​လောက်​ထိ ​သူ​ပြောင်းလဲသွားဖို့မလိုအပ်​​ပေ..

သို့​သော်
ကျ​နောကလဲကျ​နော​ပေ..

သူ့ထံမှ ​အေးစက်​မှုကို
လအ​တော်​ကြာ ခံစားရပီးသည့်​တိုင်
ကျ​နောဒီအိပ်​မက်​ဆိုးထဲကမလွတ်​​မြောက်​နိုင်​​​သေးပါ.
လွတ်​​မြောက်​ရန်
မကြိုးစားမိခြင်းလဲဖြစ်​နိုင်​သည်​.

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now