ကြွေလွင့်ခြင်း

3.1K 371 72
                                    

ချင်နိုင်ငံ၏ နွေဦးသည် ထူးကဲစွာအအေးဓာတ်ပိုနေသည်။
ဝင့်ကြွားလှသည့်အဆောင်အယောင်တို့နှင့် ဧကရာဇ်နန်းဆောင်တွင်းသည် ခမ်းနားလှသော်လဲ ခြောက်ကပ်ကာ တိတ်ဆိတ်နေလေ၏။

"ငါကိုယ်တော်ဆီက တကယ်ကိုပဲ ထွက်သွားဖို့ ဆုံးဖြတ်ပီးပီပေါ့"

ဆယ်စုနှစ်တို့လွန်လာခဲ့ပီးသည့်တိုင် ဝေခွဲမ
ဟန်နှင့် ရှန်းအား ချည်နှောင်ချင်သည့် သူသည် ပြောင်းလဲမလာခဲ့ပါ။
ပြောင်လက်နေသော ကြမ်းခင်းကိုမျက်မှောက်ပြုရင်း ရှန်း နာကျင်စွာ တွေးမိသည်။

"ကျနောမျိုးမင်းကြီးထံကဘယ်အရာမျှ မတောင်းဆိုခဲ့ဖူးပါဘူး..ဒီတကြိမ်က ပထမဆုံးနှင့်နောက်ဆုံးတောင်းဆိုမှုဖြစ်ပါတယ်.. မင်းကြီး ခွင့်ပြုပေးစေ လိုပါတယ်.."

ခွမ်း****

"ကိုယ်တော် ခွင့်မပြုဖူးဆိုရင်ရော..ရှန်း ......
မင်းကိုယ်တော့်ကို ထားသွားဖို့ခွင့်မပြုနိုင်ဖူး ဆိုရင်ရော"

သူ့လက်ထဲမှ လက်ဘက်ရည်ကြမ်း ကြွေခွက်သည် ရှန်း၏မနီးမဝေးတွင် တစစီကြွေမွခြင်းအဖြစ်သို့ရောက်လေသည်။လွင့်စင်လာသည့်ကြွေစအနည်းငယ်သည်လက်ခုံပေါ်သို့ ထိစိုက်လာသော်လဲ ရင်ထဲမှ အပူမီးကပိုနေသဖြင့် ထူးထူးခြားခြား နာကျင်ခြင်းကိုမခံစားရပါ။နာကျင်ခြင်းသည် ရှန်းအတွက် ဖြစ်ရိုးဖြစ်စဉ်လိုပင်။

" မင်း ကိုယ်တော့်ဘေးမှာ တသက်လုံးရှိမယ်လို့ ကတိပေးထားတယ်..မလား..ရှန်း.."

မှုန်ဝါးသော ကတိတရားတခုနှင့်ရှန်းအား သူချည်နှောင်ပြန်သည်။
တကယ်တော့ ကတိဆိုသည့်အရာ က ရှန်းနှင့်သူ့အကြား ပြောရန်ပင်မသင့်သော ဝေါဟာရတခုဖြစ်သည်ကို မေ့လျော့နေလေပီထင်။

သူကိုယ်တိုင် စဖျက်ခဲ့သည့်နှစ်ဦးနှဖက်သဘောတူကတိသစ္စာတခုအား ရှန်း တဘက်တည်းသာ ဆက်တည်နေရမည်လား?

ရှန်းခါးသီးစွာပြုံးလိုက်မိသည်။
အတ္တတို့နှင့် သူဘယ်ချိန်ထိ ပူလောင်နေမည်လဲ?မြောက်မြားလှစွာသော မျိုးဆက်နှင့် မိဖုရားတေကြား အစဉ်မြဲ အဆောင်တော်ကူးရသည်နှင့်၊ တိုင်းပြည်ငယ်တို့အား
လက်အောက်ခံဖြစ်စေရန် အစဉ်မြဲ ကြံဆနေရသည်နှင့်။
အချိန်ပြည့် စိတ်နှလုံးမအေးချမ်းနိုင်သည့်
သူ။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now