ရူးသွပ်ခြင်း

4.8K 518 66
                                    

နှင်းငွေ့ရိုက်သည့် မြေပြင်မှပျံ့လွင့်လာသောမြေသင်းနံ့သင်းသင်း..

စိုထိုင်းသည့်တောတွင်းသည် အမှောင်ထုကိုပိုမိုအားပေးနေသလိုပင်..

တောနက်ပိုင်းထံမှတချက်တချက်ပျံ့လွင့်လာသည့်တောခွေးအူသံတချို့ကိုကြားတော့ကျနောဇက်လေးပုကာနောက်ကျောရှိသူ့ရင်ခွင်ထဲတသားတည်းဖြစ်လုမတတ် တိုးဝင်လိုက်မိသည်.ကျနော့ကိုယ်ပေါ်တွင်သူ့အပေါ်ဝတ်ရုံကိုလွှမ်းခြုံပေးထားသဖြင့် သာမန်ဝတ်ရုံတခုသာရှိတော့သည့်အနွေးဓာတ်ပါးပါးသူ့ရင်ခွင်ကကျနော့အတွက်တော့အတိုင်းအဆမရှိလုံခြုံနွေးထွေးစေသည်ပင်. ကျနောတို့စီးနင်းလာသည့်အဖြူရောင်ဆွတ်ဆွတ်သူ့မြင်းဖြူကြီးမှခွာသံသဲ့သဲ့ကမကျယ်လောင်လှသော်လဲငြိမ်သက်သောပတ်ဝန်းကျင်တ၀ိုက်သိသိသာသာပျံ့လွင့်နေလေသည်. ညကာလဖြစ်လာသည့်အလျောက် တောတွင်းတိရစ္ဆာန်တို့၏ အသံတို့ကဟိုဒီမှထွက်ပေါ်လာလေ့ရှိ၍ခါးပေါ်တွင်ရှိသည့်သူ့၏လက်တံရှည်ရှည်ပေါ်ကျနော့လက်ကိုအားကိုးတကြီးအုပ်မိုးကာဆုတ်ကိုင်လိုက်တော့ကျနောခေါင်းပေါ်အသာဖိချလိုက်သည့် သူ့မေးစေ့လုံးလုံး၏အထိအတွေ့ကိုခံစားရသည်.နွေးထွေးသောသူ့အထိအတွေ့တခုနှင့်တင်ကျနော့ကြောက်ရွံမှုတေကတစစီပျောက်ကွယ်သွားကာသူနှင့်ကျနော့ကြားကအေးစက်ခဲ့သည့်အခြေအနေသည်လည်း တစတစပြန်လည်နွေးထွေးလာခဲ့လေသည်။

**ဘာလို့ ကျန်တဲ့သူတေမပါလာတာလဲ.၀မ်ကိုယ်ရံတော်ရော...?**

နေ့အလင်းရောင်တချို့သာမှုန်ပျပျကျန်တော့သော တောလမ်းတလျှောက်ကျနောဟိုဒီငေးရင်းကျနောနှင့်သူ့ကြားတွင် ဘာမျှမဖြစ်ခဲ့သလိုမျိုး မေးခွန်းထုတ်မိသည်. တိုင်းပြည်စံထား ဘုရင့်အလောင်းအလျာတယောက်လုံးကို တကိုယ်တည်းတောတွင်းကိုလွှတ်လိုက်ရလောက်အောင်နန်းတော်မှ လူများမရူးလောက်သေးပါလေ..

**ထားခဲ့တယ်!...** ဘာလဲ?မင်းကကိုယ်တော်နဲ့အခုလိုမနေချင်ဘူးလား..?**

ကျနောခါးပေါ်တင်းခနဲဖြစ်သွားသည့်လက်တံတေနောက်တွင်သိသိသာသာမြင့်သွားသည့်သူ့လေသံမာမာကိုသတိထားမိသည်.တင်းမာသည့်သူ့လေသံကအနည်းငယ်ခံပြင်းနေပုံပင်..ကျနောအဖြေပြန်ရန်စဉ်းစားမိသေးသော်လဲအလိုလိုမွန်းကြပ်လာသည့်စိတ်တို့ကြောင့်အသာငြိမ်နေလိုက်သည်.အစောပိုင်းကပျော်ရွှင်ခဲ့သောစိတ်အစဉ်ကအခုတော့ရေအိုင်ထဲကျသည့်ခဲလိုဆုတ်စမြုတ်စပင်ပေါ်မလာတော့..သူကျနော့အပေါ်ဘလောက်ပင်အလိုလိုက်ပါစေ...တချို့အကြောင်းအရာတေ၌သဘောထားမကြီးနိုင်မှန်းနားလည်သော်လဲ ရံဖန်ရံခါလောက်ဖြစ်ဖြစ်ကျနော့အပေါ်တွင်ယုံကြည်စေချင်သည်.ကျနော့ကမ္ဘာတွင် သူကလွဲပီးဘသူမျှမရှိသည်ကိုနားလည်စေချင်သည်.

ပန်းပုံပြင်​ [ TaoRis ]Tahanan ng mga kuwento. Tumuklas ngayon