ပန်းပွင့်လေး၏ပျော်ရွှင်မှု

3.8K 364 49
                                    

မြောက်အရပ်တောအုပ်တို့အားကျော်၍ပြေးလာသော လေပြေသည် မင်္ဂလာကြာကန်ပေါ်မှတဆင့် အဆောင်ဆောင်တို့ဘေးမှကွေ့ကာနန်းတော်အနောက်ဆောင်ခြမ်းတွင်အဆုံးသတ်လေ၏။

ကျယ်ပြောလှသော မင်းနေပြည်တော်သည် နွေဦးအချိန် သမယတွင်ပင် မြူငွေ့တို့ဆိုင်းနေပေသေးသည်။

"အေးတယ်.. မယ်မယ်..ပြတင်းတံခါးပိတ်ထားသင့်တယ်...!"

နောက်ကျောပေးထားသည့် မယ်မယ့်ပုံရိပ်သည် အမှီအတွယ်မဲ့စွာအားနည်းလွန်းလှသည်ကို စိတ်မကောင်းစွာပင် ငေးကြည့်ရင်း သတိစကားဆိုမိသည်။ကျနောမယ်မယ့်အဖို့လုပ်ပေးနိုင်သည့်အရာက လေနှင့်ပူပန်ပေးနိုင်ရုံ၊ သမီးမိန်းကလေးများကဲ့သို့ ပြုစုပေးနိုင်ရုံသာ။ ထို့ထက် တပြားသားမျှမပိုခဲ့။

စာပေဘက်တွင်သာ လေ့လာလိုက်စားခဲ့သည်မို့ အရာရာ ကျန်မင်းသားများနောက် ရောက်နေသည့်ကျနော့က မယ်မယ့်အတွက် ဂုဏ်ယူလောက်စရာ သားတော်တပါးဖြစ်မလာခဲ့။အားကိုးလောက်စရာ သားတော်တပါးအဖြစ်တော့ ဝေးလာဝေးပါလေ။

စိတ်ဓာတ်မာကြောလွန်းသည့် မယ်မယ်၏ စက္ကူရွက်အသွင် ပါးလျပ်နေသော ခန္ဓာကိုယ်က လေနုနုကိုပင် မခံနိုင်လောက်အောင် တုန်ယင်နေ၏။

"မယ်မယ်တို့ ထွက်သွားရအောင်.."

တိုးဖျော့လွန်းသောမယ်မယ့်အသံသည် ကြားရရုံမျှသာ။အသက်အရွယ်ထက်စာလျှင်အများကြီးအိုစာသွားသည့် မယ်မယ် မျက်ဝန်းတို့က အုပ်မှိုင်းနေသည်။ကျောထက် ဖြေချလေ့ရှိသော နက်မှောင်ခဲ့သည့် ဆံနွယ်တို့သည်ယခုအခါတွင်တော့ ဇရာဟန်ပြကာ အဖြူရောင်တို့စွန်းထင်းလာခဲ့လေပီ။
တနှစ်ဆိုသော အချိန်အကန့်အသတ်လေးမှာပင် မယ်မယ်သည် ဝမ်းနည်းစရာကောင်းလောက်အောင် အများကြီးပြောင်းလဲသွားခဲ့သည်။

ဆေးရွက်ခတ်ထားသော လက်ဖက်
ည်အိုးအား ခုံပေါ်တင်လိုက်ကာ မြောက်ဘက်တောအုပ်တို့ထံငေးမောနေသည့် မယ်မယ့်ဘေးတွင် အသာဝင်ထိုင်လိုက်သည်။အနောက်နန်းဆောင်ဘက်မှကြည့်လျှင်သာမြင်နိုင်သော တောအုပ်ဘက်အခြမ်းတွင် Magnolia ပင်များပွင့်နေပီဖြစ်
၍ဖွေးဖွေးလှုပ်နေလေသည်။

You've reached the end of published parts.

⏰ Last updated: May 02, 2018 ⏰

Add this story to your Library to get notified about new parts!

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now