ပေးဆပ်ခြင်း

3.6K 367 65
                                    

စိမ်းညို့သော တောင်တန်းတို့သည် မြူခိုးတို့ကြား မှုန်ပျပျမျှသာ ပုံရိပ်ထင်၏။ဆောင်းတွင်းကာလ ဖြစ်သည်မို့ မွန်းလွဲချိန်ရောက်သည့်တိုင် နေအလင်းရောင်က မပွင့်လန်းသေးပေ။ အပေါ်စီးမှမြင်နေရသော အစိမ်းရောင်လွင်ပြင် တွင် စန့်ဟွားက ဟိုဒီလျှောက်ကာ မြက်နုချိုတို့အား ရွေးကာ စားနေလေသည်။

စက္ကူစ ပေါ်တရိပ်ရိပ်ပြေးလွှားနေသော စုပ်တံထိပ်ဖျားမှ စုတ်ချက်များအား ကျနော အပီးသတ်လက်စသတ်လိုက်သောအခါ .. နောက်ခံမြင်ကွင်းနှင့် ထပ်တူနီးပါးကျသော ပန်းချီကားတချပ်ဖြစ်ပေါ်လာလေသည်။ဒီနှစ်ပိုင်းတွင် ကျနော ရေးဆွဲသမျှထဲတွင် ယခု ပန်းချီကားသည် အကောင်းမွန်ဆုံးဖြစ်သည်။နက်နက်နဲနဲဖြစ်ပေါ်လာမိသော ပီတိချိုတို့သည်ကားကိုယ်တွင်းရှိသွေးကြောမျှင်လေးတို့တိုင်အောင် စိမ့်ဝင်၏။စိမ်းပြာရောင် ထနေသော ပန်းချီကားထောင့်တွင် ပန်းပွင့်အမှတ်အသားလေးရေးထိုးရင်း နှလုံးပီတိ ဂွမ်းဆီထိသကဲ့သို့ ကျနော့အပြုံးတေကချိုမြမြ။

အားးးးး ယိစ် ..

နာရီအတော်ကြာ ငြိမ်သက်ခဲ့သော အရိုးအဆစ်တေက အနည်းငယ် လှုပ်ရှားလိုက်မှ အကြောအချဉ်ပြေသွားသည်။

အနည်းငယ်ကြေနေသော အဝါနုရောင်ဝတ်ရုံကို ပြန့်ပြူးအောင် သေချာဖြန့်လိုက်ကာ အပေါ်ဝတ်ရုံမဲမဲကို လုံအောင်ခြုံလိုက်မှ အေးစက်နေသော ကိုယ်က နေသားကျသွားလေ၏။

"🎵🎵🎵🎵🎵"

ကျနောတောင်တန်းပြာနှင့်လမ်းပျောက်သူ ကဗျာစာသားအား ညည်းရင်း ပန်းချီကားအား သေချာလိပ်ပီး ကျန်သည့်ပန်းချီပစ္စည်းတို့ကို သိမ်းကာ တက်ကြွနေမိသည်။
အိုင်းယားးးး....ကျနောအခုလို မပျော်ရွှင်ခဲ့ရတာ ဘလောက်တောင်ကြာပီလဲ..

"ဟွမ်ရှန်း ..ပြန်ကြမယ်.."

ပစ္စည်းအစုံအလင်ထည့်ထားသော ကြိမ်ခြင်းကို လွယ်လိုက်ပီး ကျနော အသံပြုလိုက်တော့
ပြန်အဖြေကတော်တော်နှင့်ပေါ်မလာ။

"ရှန်းရေ..ပြန်မယ်လို့"

ဒုတိယအကြိမ်အသိပေးလိုက်ရင်း ကျနော
ဟွမ်ရှန်းထိုင်နေရာဆီ လျှောက်သွားလိုက်သည်။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now