ပင်ပန်းခြင်း

3.1K 335 44
                                    

တိမ်ကင်းစင်သော နံနက်ခင်းတွင်မင်းနေပြည်တော်တခုလုံးပေါ်သို့နေရောင်ခြည်များဖြာကျလျက်ရှိသည်။နွေဦးသို့ကူးပြောင်းစဖြစ်၍ ဆောင်းငွေ့ရိုက်ခံခဲ့ရသော သစ်ပင်ကြီးငယ်တို့သည် စိမ်းလန်းကာ ရာသီဥတုသည် ခြေခင်းလက်ခင်းသာပီးနေထိုင်ကောင်းလွန်းလှသည်။

"ရှန်းရေ... မက်မွန်သီးတေရော!"

အဆောင်အလည်ရှိ စားပွဲကြီးပေါ်မှပန်းအိုးတွင် တော်ဝင်နှင်းဆီတို့အား အလှဆင်ရင်းကျနော အသံစာစာနှင့်အော်ပြောလိုက်သည်။

" ရပါပီ..မင်းသားလေးရယ်.. တိုးတိုးပြောလဲရပါတယ်..ရာဇအိနြေ္ဒလေးတော့ထိန်းဦးမှပေါ့"

ဖူးကြွရွှန်းအိနေသော မက်မွန်သီးလုံးကြီးတို့တင်ထားသည့် ဗန်းကို ကိုင်ကာ အဆောင်တွင်းဝင်လာသည့်ရှန်းက ပိုရန်ကော ဆိုသည့် အကြည့်နှင့်ကြည့်လာလေသည်။နန်းတွင်းတွင် မွေးဖွားသည့် ကျနော့ထက်ပင် ရှန်းကတခါတလေကျ နန်းတွင်းစည်းကမ်းနှင့် အိနြေ္ဒသိက္ခာကိုစောင့်ထိန်းလွန်းလှသည်။
ယောကျာ်းတယောက်အနေနဲ့ ပျော့ပျောင်းသည့်ဆံရှည်နွယ်တို့ကို တဝက်သာစည်းနှောင်လေ့ရှိသော ရှန်းသည်
ဝတ်ထားသော အပြာရောင်ဝတ်စုံရှည်မှ မွန်ဂိုလီယာပန်းခက်များနှင့်အပြိုင်လှနေလေသည်။ ရှန်းက ချောသည်ဟု ပြော၍မပြည့်စုံနိုင်သော လှပသည့်သူတယောက်ဖြစ်ကြောင်းကျနောငယ်စဉ်ကတည်းကပင် လက်ခံခဲ့သည်။
ဖူးအိသော ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းနှင့် ဖြူဖွေးလွန်းသော အသားအရေကြောင့် အသားဝါသည့် ကျနောတို့မျိုးနွယ်ထဲတွင် ရှန်းက အထင်ပေါ်ဆုံးနှင့်အလှဆုံးဖြစ်သည်ဟု မယ်တော် ခဏခဏဂုဏ်ယူပြောလေ့ရှိသည်။

"ဘာတေများ ကျနောမျိုးကို ရှုမဝဖြစ်နေရတာလဲ?"

မက်မွန်သီးတို့ကို နေရာချနေသည့် ရှန်းက ကျနော့အား အထူးအဆန်းလိုစောင်းငဲ့ကြည့်ရင်းမေးလေသည်။

"ကျနောရဲ့ ရှန်းရှန်းက ဒီနေ့တအားတအားကိုလှနေတာကိုးလို့"

ကျနော ခွိခနဲရီကာ အားရပါးရအော်ပြောတော့ နီရဲလာသည့်ရှန်းမျက်နှာက ကျနော့ရှေ့မှနှင်းဆီပန်းတို့နှယ်။
ကျနော့ဦးရီးတော် ရှန်းက ရှက်တာလေးပင်နန်းဆန်လွန်းလှသည်။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now