ရှောင်ပြေးခြင်း

3.3K 367 56
                                    

ဝိုင်းစက်သောလမင်းသည် ကောင်းကင်ထက်တွင် ပီပြင်လှသည်။အိပ်မောကျနေသော တိုင်းပြည်သည် တိမ်စိုင်တို့ကင်းစင်သော ညဥ့်လွှာတွင် သတ္တဝါငယ်တို့နှင့် ညဥ့်ငှက်တို့ထံမှ အော်မြည်သံမှလွဲ၍ ငြိမ်သက်နေလေသည်။

သို့သော် ရွှေရောင်ထိန်သော ကျယ်ပြောလှသည့်ဧကရာဇ်စံမြန်းရာနန်းတော်တွင်းတွင်တော့ မီးတုပ်မီးတိုင်တို့နှင့် လင်းထိန်နေကာ အစောင့်တပ်သားတို့၏ ခြေသံတို့နှင့် ပြည့်လျက်ရှိနေလေသည်။မင်းကြီးကျန်းမာရေးမကောင်းသည့်နောက်ပိုင်းတွင် နန်းတွင်းအစောင့်ဦးရေများလာခဲ့ခြင်းဖြစ်သလို တော်ဝင်မိသားစုများကိုလည်းညမထွက်ရအမိန့်ထုတ်ထားသည်မို့ နန်းတော်ကြီးက ယခင်ထက်ပင် သက်ဝင်လှုပ်ရှားမှုများရှိနေလေသည်။

အဆောင်ပြင်ပတွင် လှည့်လည်နေသော မီးတုပ်တို့အား တံခါးကြားမှကျနော အသာခိုးကြည့်ပီး လေးလံစွာ သက်ပြင်းချမိသည်။

"မလောပါနဲ့ ..ညီတော်ရယ်..အရင်လဲကိုယ်တော့်အဆောင်မှာအိပ်နေကျပဲ။ဒီညလဲ အိပ်လိုက်တော့ပေါ့"

နောက်ကျောဘက်မှ ထွက်လာသည့် လေသံက သဲ့သဲ့မျှသာ။အတင့်ရဲစွာနှင့်ပင် ကျနော လှည့်မကြည့်ပါဘဲ ခေါင်းအသာခါယမ်းကာ အသံတိတ်အဖြေပေးမိသည်။ငြိမ်သက်သွားသည့်အခန်းတွင်းလေထုက အေးစက်စက်နှင့်။အတန်ကြာမှ သူ့ထံက လေးလံသည့်သက်ပြင်းမောတခု လွင့်စင်ကျလာလေသည်။

"ဘာလို့ခုချိန်ထိ စိမ်းကားနေရတာလဲ?ညီတော်ရယ်.......''

တိုးလျသည့် သူ့ညည်းတွားသံက စိတ်ပျက်အားလျော့နေပုံပင်။ကျနော မသက်မသာ နှင့်ပင် ရွှေရောင်လိုင်းကွပ်ထားသည့် တံခါးဘောင်ကို အကြောင်းမဲ့ဆုပ်ကိုင်ကာ ငြိမ်သက်နေမိသည်။ကျနော ဖြစ်လာမည့်ကြုံလာမည့်အရာတေအား ရင်မဆိုင်ချင်ပါ။ အဆုံးသတ်တွင် နောက်ချန်ထားရစ်ခံရမည့် သနားစရာကောင်းသော အဖြစ်ကိုလဲ ထပ်မလိုချင်တော့ပါ။
တခါတရံတော့လဲ ကျနော့၏ သေးနုပ်လှသော မာနလေးအား ရှေ့တန်းတင်ကာ အတ္တကြီးချင်မိသည်။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now