ရှန်း၏ တစ်စိတ်တစ်ပိုင်း (သို့)နာကျင်ဖွယ်ရာ အတိတ်သို့

3K 343 38
                                    

နွေဦးလေပြေသည် နန်းတော်ထဲတွင် ဝေ့ကာ ပြေးနေသည်။ဆောင်းကာလပီးစဖြစ်သည့်မို့ အအေးဓာတ်လုံးလုံးမပျယ်သေးသော်လဲ အနည်းငယ်တော့ လေထုကနွေးထွေးလာသည်ဆိုရမည်။

" ရှောင်ယွီ... မမဆီကစာရတာနဲ့မြန်မြန်ပြန်လာနော်..လမ်းမှာဂရုစိုက်ဦး..သွားတော့"

လက်ထဲမှ အဖြူရောင်အမွှေးအတောင်တို့နှင့် ခိုဖြူလေးအား ရှန်း အသေအချာမှာကြားပီးနောက် ညင်သာစွာပင် လေထဲလွှတ်တင်ပေးလိုက်သည်။ကျယ်ပြောလှသည့်ကောင်းကင်ပြာကြီးထံပျံတက်သွားသည့် ရှောင်ယွီက အပူပင်ကင်းကာ လွတ်လပ်လွန်းလှသည်ကို ငေးမောရင်း ရှန်း သက်ပြင်းချမိသည်။မိမိဒေသတုန်းက နေရာတကာ ကိုယ်ရံတော်ပင်မခေါ်ဘဲ သွားချင်ရာသွားနေခဲ့ပီး ယခုလို နန်းတော်ထဲတွင် စည်းကမ်းပေါင်းများစွာနှင့် နေရတော့မှ လွတ်လပ်မှုအရသာကို ပိုသိလာခဲ့သည်။

ဟိုနေရာမသွားရ
ဒီနေရာမဝင်ရ ဆိုသည့် များပြားလှသော ပညတ်ချက်တေကြား ရှန်းခြေချစရာနေရာဆို၍ ဥယာဉ်တော်တခုသာရှိသည်။
ထိုဥယာဉ်တော်တောင် ယခုနောက်ပိုင်းတိုးတိုးတိတ်တိတ်သာ ဝင်နေရပီး လူသံကြားလျှင်ဖုတ်ဖတ်ခါကာ ထပြေးရသေးသည်။
မတော် ဟိုတခါလို လူအား မထီမဲ့မြင်လုပ်သည့် မင်းညီမင်းသားတပါးပါးနှင့်ထပ်တိုးပါက မိမိစိတ်ကို လွှတ်ပေးလိုက်မိပီး ခိုက်ရန်ဖြစ်ချေတော့မည်။

"ပျင်းလွန်းလို့ ရူးတော့မတတ်ပါပဲ။"

တပင်လုံးဖြူဖွေးနေအောင် အစွမ်းကုန်ပွင့်နေသောMagnolia ပင်ကြီးအောက် အပျင်းကြောဆန့်ကာ ပြန်ထိုင်လိုက်သည်။အဆောင်ကို ပြန်ရန်စဉ်းစားမိသေးသော် လဲ ပန်းနံ့တို့နှင့်အီကာ ငိုက်မြည်းလာတာကြောင့် ပင်စည်ခြေရင်းကိုမှီကာ မျက်လုံးအစုံကို ဖြေးညှင်းစွာ ပိတ်လိုက်သည်။

..
..
"အရူးကောင်လေး .. ဘလိုဖြစ်လို့ ဒီလောက်လှနေရတာများလဲ?"

အိပ်ရာမှ လုံးလုံးမနိုးသေးသော် နားစည်ထဲရိုက်ခတ်လာသော ခပ်တိုးတိုးရေရွတ်သံကြောင့်ရှန်းမျက်နှာလေးရှုံမဲ့သွားသည်။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now