မြတ်နိုးခြင်း

3.8K 427 35
                                    

နေရောင်ဖြန့်ကျက်ထားသော ကြာကန်နှင့် ကျောက်တံတားငယ်က ပကာသနကင်းကာ အေးချမ်းစွာတင့်တယ်လှသည်။ညနေခင်းနေရောင်ခြည်က ကျနေပီပီ အနည်းငယ်စူးရှသော်လဲ ရှုသူတိုင်းသဘောကျမည့် ဤနေရာတွင် ထာအို စိတ်သက်တောင့်သက်သာရှိလှသည်။မြင်လေရာ အေးချမ်းလှသည့် ကျန်းအိမ်တော်၏ခြံဝန်းထဲကိုခြေချမိတည်းက ရင်ထဲတစုံတရာသဘောမကျခြင်းမျိုးအနည်းငယ်မျှပင်မဖြစ်ခဲ့မိသည်ကအတော့်ကိုထူးထူးဆန်းဆန်းနိုင်လှသည်လေ။ဟွမ်ရှန်းပြောသလိုပင် ဤအိမ်တော်ကလူတေသည် ဆေးသမားတော်မျိုးရိုးများပီပီလူသားတေ၏စိတ်ခန္ဓာကိုကျန်းမာစေသည်များလေလားဟု မဆီမဆိုင်တွေးမိသေးသည်။

"ဟွမ်ရှန်း ... ကျနော ဒီည မြို့ထဲမှာပဲနေလို့ဖြစ်လား?ဒီနေ့ ပွဲရှိတယ် ကြားတယ်"

ကြည်လင်နေသော ကန်ရေပြင်ကိုလက်ချောင်းထိပ်နှင့်အသာတို့ထိနေရင်း

အပြာရောင်ရေလှိုင်းနှင့်အနားသတ်သည့်ဝတ်ရုံလက်အနားစကို လက်ဖြင့်ပြန်ထိန်းကာ ကျနော ဟွမ်ရှန်းကို အမေးပြုတော့ ပတ်ဝန်းကျင်တဝိုက်လေ့လာနေသည့် ဟွမ်ရှန်းက စကားပြန်မရဘဲသက်ပြင်းသာတွင်တွင်ချခေါင်းခါယမ်းလေသည်။စောဒကတက်ပိုင်ခွင့်မရှိသော ကိုယ့်အဖြစ်ကိုယ်သတိရတော့ ထာအို စိတ်ပျက်စွာ ရေမျက်နှာပြင်အား လက်ဖဝါးနှင့်တချက်နှချက်မျှ ပုတ်ရိုက်လိုက်မိသည်။

ကြည်လင်နေရာမှရုတ်တရက်နောက်ကျိသွားသော ကန်စပ်ရေပြင်ကဲ့သို့ မကြည်လင်တော့သော မပျော်ရွှင်တော့သော ထာအို့စိတ်အစဉ်က ရှုပ်ထွေးကာနောက်ကျိလို့နေသည်။ယခုနောက်ပိုင်း ထာအို့အား နန်းတွင်းမှ ညထွက်ခွင့်ပိတ်ထားသည့်အပြင် နေ့ဘက်များမှာပါအမိန့်ပါမှထွက်ရမည်ဟု စည်းကမ်းချထား၍ယခင်လောက်မလွတ်လပ်တော့သည်မှာအမှန်။

"ကျနော နန်းတော်မှာမနေချင်တော့ဘူး"

စိတ်ညစ်ညူးစွာ ကမ်းစပ်မြေပြင်တွင်ထာအို ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့ ပြာပြာသလဲအနားရောက်လာသည့် ဟွမ်ရှန်းက ..စိုးရိမ်ပူပန်မှုအပြည့်ရှိသောမျက်နှာနှင့်။တခါတလေကျ ကျနော့ကိုယ်ကိုကိုယ်ထက်ပင် ဟွမ်ရှန်းအားသနားမိသည်။ကျနောလုပ်သမျှ မင်းပြစ်မင်းဒဏ်ဖြစ်မည်စိုး၍အစဉ်မြဲ မအေးချမ်းရရှာသည့် ဟွမ်ရှန်းရယ်လေ။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now