ဟိုးရှေးရှေးတုန်းကလို့
အစချီတဲ့ပုံပြင်တပုဒ်မှာ
ပန်းပွင့်နဲ့နေမင်းဟာ
ဒွန်တွဲနေကြသတဲ့..🌻🌻🌻🌻ပန်းပုံပြင်🌻🌻🌻🌻
ရွက်ကြွေဝါတေမြေမှာခဆင်းလို့
နွေလေပြေက..အေးမြတယ်..
ချိုသာတဲ့နွေငှက်ရဲ့တွန်ကြူးသံက
ပီးခဲ့တဲ့ဆောင်းကို..နှုတ်ဆက်နေသလို
နှင်းစက်တေကြားပျောက်ကွယ်နေတဲ့
နန်းတော်ရဲ့ကြမ်းခင်းတေက..
အခုတော့အပူဓာတ်သဲ့သဲ့နဲ့ကြမ်းရှလို့နေတယ်..
မြင်လေရာပြည့်တဲ့..
အပျိုတော်တေနဲ့
အထိန်းတော်ကြားအရာရာဟာ
ပြည့်စုံနေပါပေမဲ့တခါတလေတော့လဲ...
နန်းတက်မင်းသားဖြစ်တဲ့..
ကျနော့အကိုတော်ကို..
လွမ်းမိပါတယ်..**ဟား...ဟား.. ကိုယ်တော်ရဲ့ ညီတော်ကဘယ်ဆိုးလို့လဲ? ကဗျာစာပေစသင်တာသိပ်တောင်မကြာသေးပေမဲ့..ကိုယ်တော့်ထက်တောင်တော်နေပါလား?**
ရိုးရှင်းသောလက်ရာမမြောက်သည့်
စာတိုပေစတခုသာဖြစ်ပါသော်လဲ
လူအများကြား ကျနော့ဂုဏ်မညိုးစေရန်..
ချီးကျူးထောပနာပြုသည့်
သူက နှစ်ထောင်းအားရဟန်အပြည့်နှင့်.စစ်ပွဲရဲ့အဆင်အယင်ဖြစ်တဲ့..
ပြောင်ပြောင်လက်လက်ချပ်ဝတ်တန်ဆာတေတောင်
မလဲလှယ်ရသေးသည့်..
အောင်ပွဲရ နန်းတက်မင်းသားမျက်နှာက..
အပြုံးတေဝေလို့..ဥာဏ်လေးလက်၁ဆစ်နဲ့ထိုအပြုံးတေကို
ကျနော ပီတိပြုံးလို့
ခေါင်းစဉ်တပ်ကာ..
ကျေနပ်နေမိသည်..တို်က်ပွဲတိုင်းတွင်
ရန်သူတိုင်း၏ခေါင်းကို
တိခနဲနေအောင်ဖြတ်နိုင်သဖြင့်
သွေးဆာဘီလူးဟုပင်အမည်တတ်ခံရသောသူသည်..
ကျနော့ရှေ့တွင်တော့
နူးညံ့စွာပြုံးလေ့ရှိပီး
သူ့အပြုံးတေတိုင်းကကျနော့ရင်ကို
အေးချမ်းစေသည်ပင်.
YOU ARE READING
ပန်းပုံပြင် [ TaoRis ]
Fanfictionဟိုးရှေးရှေးတုန်းကလို့ အစချီတဲ့ပုံပြင်တပုဒ်မှာ ပန်းပွ့င့်နဲ့နေမင်းဟာ.. ဒွန်တွဲနေကြသတဲ့.. Genre_ Yaoi Incest KRISTAO