ချင်နိုင်ငံ၏ညလွှာသည်
တိတ်ဆိတ်ကာအေးချမ်းလျက်.ပိန်းပိတ်သောကောင်းကင်ယံသည်
အနက်ရောင်ကတ္တီပါကော်ဇောနှယ်..ဝိုးတဝါးမြင်ရသော
ကြယ်ပွင့်တို့သည်ကားစိန်ပွင့်တို့ကဲ့သို့
တလက်လက်အရောင်တောက်လျက်..ဝှေ့ခနဲတိုက်လာသော
ညဥ့်ဦးယံလေသည် ကြာကန်ကို
ဖြတ်တိုက်လာသဖြင့်လတ်ဆတ်သော
ကြာပန်းနံ့သင်းသင်းရောယှက်လို့..သို့သော် ရူးမိုက်လှသူ
ကျနောကတော့ ကြာနံ့ရောသော
လေနုအေးထက်
တစုံတဦး၏ကိုယ်သင်းနံ့ပြေပြေကိုသာနှစ်သက်သဘောကျမိသည်.
ပန်းပေါင်းစုံအဆီတို့နှင့်
စီရင်သောချိုးတော်ရေကိုမနှစ်သက်သည့်သူက
သဘာဝသစ်ဥသစ်ဖုတို့သာပါဝင်သော
ချိုးတော်ရေကိုသာ ကျန်းမာရေးအလို့ငှါ
အသုံးတော်ခံလေ၏.ထို့ကြောင့်လဲ
နန်းသွေးဧကန်စင်စစ်ဖြစ်သည့်
မင်းလောင်းလျာဖြစ်သော်လဲ
အမွှေးနံ့သာမနှစ်သက်သည့်သူ့ကိုယ်တွင်
တပါးသောမင်းသားတို့လို..
မွှေးအီသောကိုယ်သင်းနံ့ထက်
သဘာဝဆန်သော သင်းပျံ့သည့်ကိုယ်သင်းနံ့
တခုသာ စွဲထင်နေလေသည်..** ဟွမ်ရှန်း လူတယောက်ကိုမြတ်နိုးဖူးသလား?**
ကျနောလေသာပြတင်းမှကောင်းကင်ယံကို
ငေးမောရင်းအနောက်တွင်ရပ်နေသည့်
ဟွမ်ကုန်းကုန်းကိုအမေးပြုတော့
ငြိမ်သက်သွားသည့်ဟွမ်ကုန်းကုန်းက
အတန်ကြာမှ** မင်းသားလေးအရွယ်ကဒီမေးခွန်းကိုမေးဖို့စောလွန်းနေပါတယ်**
မယ်မယ်နှင့်အမျိုးတော်စပ်သည့်
ဟွမ်ကုန်းကုန်းက
ကျနော့ကိုငယ်စဉ်တည်းက
ထိန်းသိမ်းလာသည်မို့ယခုချိန်ထိ
သူ့မျက်လုံးထဲတွင်
ကျနော့ကိုအရပ်၃ပေသာသာကလေးလေးဟု
မြင်နေသေးပုံပေ.
YOU ARE READING
ပန်းပုံပြင် [ TaoRis ]
Fanfictionဟိုးရှေးရှေးတုန်းကလို့ အစချီတဲ့ပုံပြင်တပုဒ်မှာ ပန်းပွ့င့်နဲ့နေမင်းဟာ.. ဒွန်တွဲနေကြသတဲ့.. Genre_ Yaoi Incest KRISTAO