အေးစက်​ခြင်း

4.1K 504 37
                                    

**အိမ်​​ရှေ့မင်းသားကြင်​ယာ​တော်​နဲ့​တွေ့ဆုံ​နေပါတယ်
**

**ဘာ...အဟမ်း..ပြန်​​လျှောက်​တင်​စမ်း.​မောင်​မင်း..အိမ်​​ရှေ့စံအခုဘယ်​မှာလဲ?**

တုန်​ယင်​ကာအက်​ကွဲလာ​သော
အသံကိုဟန်​ကိုယ်​ဖို့​ချောင်းဟန့်​လိုက်​ပီးပြန်​​မေး​တော့
သူ့အထိန်း​တော်​ဖြစ်​​သော ကုန်းကုန်းက
ဦးတခါထပ်​ညွှတ်​ပီး..

**အိမ်​​ရှေ့မင်းသား ကြင်​ယာ​တော်​နဲ့​တွေ့ဆုံ​နေပါတယ်​...မင်း​သား​လေး**

ကုန်းကုန်းစကားအဆုံးတွင်
ကျ​နော​ပြာ​ဝေကာ
မြေပြင်​နှင့်​ထိကပ်​​နေ​သော​ခြေ​ထောက်​​တေက
ပျော့​ခွေကာ ယိုင်​လုလု..

ချော​မောခန့်​ညားသည့်
သူ့ရုပ်​လွှာက အာရုံထဲ
ဖျတ်​ခနဲ​ပေါ်လာ​တော့..
ကျ​နော့နှလုံးသားကဆွဲဆုတ်​ခံလိုက်​ရသလို
တင်းကြပ်​လာခဲ့သည်​.

အကို​တော်​......ရယ်​...

ရင်​ထဲမှစူးတက်​လာ​သော
ဝေဒနာကခံရခက်​လှ​ချေသည်​.

့တချိန်​ဒီလိုအဖြစ်​​တေကို
ရင်​ဆိုင်​ရမည်​ဟုကျ​နောတခါတရံ
တွေးထင်​မိ​သော်​လဲ
ကျ​နော့တ​ယောက်​သာ
အလိုလိုက်​အကြိုက်​​ဆောင်​ပီး
အစဉ်​မြဲဦးစား​ပေးတတ်​​သော
သူ့၏ကြင်​နာမှု​တေ​ကြောင့်
အချိန်​​တော်​​တော်​များများတွင်​လက်​ရှိကာလကို
မေ့​လျော့​နေခဲ့ခြင်းဖြစ်​သည်.

ကျ​နော​နေရာတွင်​သာ
လက်​သီးနှဖက်​ကို
ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ပီး
အ​တောင့်​လိုက်
အသက်​မဲ့​နေသည့်​အရုပ်​တရုပ်​လို
ရပ်​​နေမိသည်​..

ဝိညာဉ်လွတ်ေ​နသည့်
သူတ​ယောက်​လိုအတန်​ကြာ
ကျ​နော အချိန်​ကုန်​​နေပီးမှ
သူ့အ​ဆောင်​​တော်​အတွင်း
နေရာကိုယ်​စီငြိမ်​သက်​​နေကြ​သော
အ​ခြွေအရံ​တေနှင့်
အ​စောင့်​​တေကိုသတိရကာ
အားတင်းပီးအသံထွက်​ရန်​ကြိုးစားမိသည်​.

** အခု အိမ်​​ရှေ့စံတို့ဘယ်​မှာလဲ?**

အဆုံးသတ်​တိုးဝင်​ကာ
ပျောက်​ရှသွား​သောအသံ​ကြောင့်
ကျ​နော့ကိုအသာ​မော့ကြည့်​လာသည့်
ကုန်းကုန်းက စိတ်​မ​ကောင်းသည့်
မျက်​နှာနှင့်​ပင်​..

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now