ဖြစ်တည်ခြင်း

4K 424 58
                                    

ညတို့သည်နက်သထက်နက်လာလေသည်။
အကောင်ငယ်နှင့် ညဥ့်ငှက်တို့၏အသံတချို့မှလွဲ၍တိတ်ဆိတ်နေသော နန်းတော်ပရဝုဏ်က ကင်းလှည့်တပ်သားတို့မရှိသည့်နေရာများတွင် မီးတုတ်အလင်းရောင်မှလွဲ၍ငြိမ်သက်နေလေ၏။
ချွတ်~~~~
သစ်ကိုင်းခြောက်ထံမှ ကျိုးကြေသံသဲ့သဲ့သည်ပတ်ဝန်းကျင်တဝိုက်အနည်းငယ်မျှဟိန်းသွားလေသည်။

"ဘိုင်းရှန် .. မင်းကိုသတိထားလျှောက်ပါလို့ပြောထားတယ်လေ"

ခေါင်းပေါ်မှ အမဲရောင်ဝတ်ရုံရှည်၏ခေါင်းစွပ်အားနောက်ကိုဆွဲလှန်ချလိုက်ပီး ထာအိုစိတ်လှုပ်ရှားစွာ ဘေးရှိ ဘိုင်းရှန်ကိုကြိတ်အော်မိသည်။

"မမြင်လို့ပေါ့ကွာ..မင်းကလဲ"

အမှောင်ရိပ်အောက်တွင်သေးသေးလုံးလုံးဘိုင်းရှန်က ဝတ်ရုပ်နက်အောက်ပျောက်လုလု။အမှတ်တမဲ့ဆိုလျှင် အသံသာထွက်လာသည့်အဝတ်လုံးကြီးဟုပင်ထင်ကြပေဦးမည်။

"ထားတော့ ..သွား..မင်းအဆောင်ကိုမြန်မြန်..ငါက နီးနေပီ"

တိုးလျနေသည့်ဘိုင်းရှန်အသံက တုန်ယင်နေသဖြင့် ကျနောသက်ပြင်းတချက်တွင်တွင်ချပီး ဘိုင်းရှန်ကို အရင်ပြန်ခိုင်းလိုက်သည်။မဟုတ်လျှင် မြို့ထဲတွင်ရှိသည့်ဇာတ်ပွဲသွားကြည့်လာသည့် နှယောက်လုံးကိစ္စတုံးတော့မည်ကိုမြင်နေရသည်မဟုတ်လား?

"ဒါဆို ငါအရင်သွားတော့မယ်နော်.. ထာအို ..မနက်မှတွေ့မယ်"

"အေး .......ဟာ .....ဟေ့ကောင် .... ဖြေးဖြေးသွား..မင်းအိတ်ထဲကမုန့်နဲ့အရုပ်တေထွက်ကျနေပီ"

ဖရိုဖရဲ ဘိုင်းရှန်တစ်ကောင်က ထွက်သွားသည့်အထိကျနော့ကိုဒုက္ခပေးဖို့ကြံစည်နေလေသလားပင်မပြောတတ်။ကျနော ဘိုင်းရှန်နှင့်နောက်ကို နှယောက်တည်းအပြင်မထွက်ရန် နေရာတွင်ပင်ဆုံးဖြတ်ချက်ချလိုက်မိသည်။

"ကျေးဇူးပဲ..ထာအိုရေ..ငါသွားပီ...

လှုပ်လှုပ် လှုပ်လှုပ်နှင့်လိမ့်သွားသည့်အဝတ်လုံးက သိပ်မကြာခင်မှာပင် ကျနောမြင်ကွင်းမှပျောက်သွားလေသည်။ထိုမှပင်စိတ်နှလုံးတွင်တွင်အေးကာ လေပူတချို့မှုတ်ထုတ်ပီးနဖူးပေါ်မှစီးကျနေသော ဇောချွေးတချို့ကို လက်နှင့်ပွတ်သပ်သုတ်လိုက်သည်။
ကျနောလဲ သိပ်အချိန်ဆွဲ၍မဖြစ်ပေ။ဟွမ်ရှန်အား ခမည်းတော်အခစားဝင်ခိုင်းထား၍ ယခုလိုခိုးထွက်၍ရခြင်းပင်။မတော် ဟွမ်ရှန်း ပြန်လာကာမှ ကျနော့များမတွေ့ရင် ကိစ္စကကြီးချေတော့မည်။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now