(Zawgyi)
"ဘာဖြစ်တာလဲ မီးပျက်သွားတာလား...??"
ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး အမှောင်ထဲစမ်းတဝါးဝါးနဲ့ ဓာတ်မီးလိုက်ရှာနေတုန်းမှာပင် မီးကဖျတ်ခနဲပြန်လင်းလာတော့ အားလုံးသက်ပြင်းကိုယ်စီ ချမိကြတယ်...
"ကြည့်ရတာမီးကြိုးတွေ လွတ်နေတာနေမှာပါ အိမ်ကြီးကဒီလောက် ဟောင်းနွမ်းနေပြီကိုး"
Jimmy က တွေးတွေးဆဆပြောတော့ ကျန်တဲ့သူတွေလဲ ခေါင်းတညိတ်ညိတ်လုပ်နေမိကြတယ်... ပြီးတော့မှ ကြောင်ကြောင်ကြီးဖြစ်နေတဲ့ Yuan Yuan ကို သတိထားမိသွားကြပြန်တယ်...
"Yuan ဘာဖြစ်နေတာလဲ...??"
Jimmy က သူမပခုံးကိုဆုပ်ကိုင်ကာမေးတော့မှ သူမလဲပြန်သတိဝင်သွားပုံရတယ်...
"ဟင်... ဘာမှမဖြစ်ပါဘူး"
ခဏနေတော့သူတို့အားလုံးလဲ စာအုပ်ကိုယ်စီဖတ်ကာ ငြိမ်သက်သွားကြပြန်တယ်... Yuan Yuan ကတော့ စာဆက်မဖတ်တော့ပဲ သူမဝါသနာပါတဲ့ ပုံဆွဲတဲ့အလုပ်ကိုလုပ်နေတယ်..
"Yuchun ကြည့်ရတာ ငါတို့လမ်းမှားလာတာလားမသိဘူး"
Jaejoong လှမ်းမေးလိုက်တော့မှ Yuchun က သက်ပြင်းချပြီး ခေါင်းညိတ်ပြတယ်... သူလဲတခါမှမရောက်ဖူးတဲ့ ပတ်ဝန်းကျင်ကြောင့် လမ်းမှားနေပြီဆိုတာ ထင်တော့ထင်မိသားပဲ...
"ငါလဲထင်တယ် ညမှောင်လာလို့သာ နားစရာနေရာရှိလိုရှိငြား ဆက်သွားနေလိုက်တာ ပြန်လှည့်ဖို့ကအချိန်မမှီဘူးလေ Sorry ပါကွာ မနက်ကျမှငါတခြားလမ်း လိုက်ရှာပါ့မယ်"
"ကိစ္စမရှိပါဘူး အတွေ့အကြုံအသစ်ရတာပေါ့"
Jaejoong က သူငယ်ချင်းဖြစ်သူ စိတ်မကောင်းဖြစ်မှာစိုးလို့ ခပ်ပေါ့ပေါ့သာပြောလိုက်ပြီး သူဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေလိုက်တယ်... အမှန်တကယ်တော့ ဒီအိမ်ကြီးထဲကို စ၀င်လာကတည်းက Jaejoong စိတ်ထဲစနိုးစနောင့်ဖြစ်နေတာ... ဘာမှတော့မဖြစ်လောက်ပါဘူး... သူတို့ကလူအင်အားတောင့်တာပဲကို..
"Yuan အဲဒါဘာပုံကြီးလဲ...??"
Jimmy ရဲ့အသံကြောင့် သူတို့အားလုံးရဲ့အာရုံက Yuan Yuan ဆီ ပြန်ရောက်သွားတယ်... Yuan Yuan ဆွဲနေတဲ့ပုံက ကြောက်မက်ဖွယ်ရာ သရဲမျက်နှာကြီးတခု.. ပြီးတော့သူမ မျက်လုံးတွေကကြောင်တောင်တောင်နဲ့ အသက်မဲ့နေသလို ဖြစ်နေသော်ငြား သူမလက်တွေကမြန်ဆန်စွာနဲ့ အရုပ်တွေကိုရေးခြစ်နေတာ...