Who can accept me...??

2.4K 282 62
                                    

(Zawgyi)

"ဒါဘယ်ကပြန်လာတာလဲ Jaejoong..?? မနေ့ကလကွယ်ညမဟုတ်သေးဘူးလေ"

အခန်းထဲဝင်လာတာနဲ့လှမ်းမေးတဲ့  Changmin... အသံသာကြားရပြီး အခန်းထဲမှာလူကိုမမြင်တော့ Jaejoong ဘေးဘီဝဲယာကြည့်နေတုန်းမှာပင် Changmin က မျက်နှာကျက်ပေါ်ကနေ ခုန်ချလာတယ်... နံရံနဲ့မျက်နှာကျက်မှာ တွဲခိုနေတဲ့ နွယ်တွေကတော့ သူ့ကိုယ်ထဲပြန်ဝင်သွားလေပြီ...

"မင်းကကိုယ်ထဲကနွယ်တွေကိုတောင် ထုတ်တတ်နေပြီကိုး"

Jaejoong တအံ့တဩနဲ့ ချီးကျူးလိုက်လေတယ်... Changmin ကတော့ သူပြောတာကိုဂရုမစိုက်ပဲ အရှေ့သို့တလှမ်းချင်းတိုးလာတယ်... မျက်နှာကတော့ပကတိ တည်ငြိမ်လွန်းလှတယ်... အပေါ်ပိုင်းဗလာကျင်း ဖြစ်တဲ့အတွက် သူ့ရဲ့ကျစ်လစ်လွန်းတဲ့ ကြွက်သားတွေက ဆွဲမက်ဖွယ်ကောင်းစွာ ထင်းနေပြန်တယ်...

"ပြောစမ်းပါဦး Jaejoong ရယ် ငါမင်းကိုတညလုံးစိတ်ပူနေရတာကို ရက်မှားပြီးထွက်သွားတာတော့ မဟုတ်ဘူးမလား...??"

"ရက်မှားစရာလား လကွယ်ညက ငါ့ရဲ့အရေးအကြီးဆုံးကို ဒီတိုင်းကိစ္စလေးတွေရှိလို့"

Jaejoong သူ့နားကပ်လာတဲ့ Changmin ရဲ့ဝမ်းဗိုက်ကကြွက်သားတွေကို လက်နဲ့အသာတို့ထိရင်း အဖြေပြန်ပေးလိုက်တယ်... လူချင်းနီးကပ်နေပေမယ့် အမှားလုပ်ထားတဲ့ Jaejoong က Changmin ရဲ့မျက်နှာကို မော့မကြည့်ရဲပေ... ဒါပေမယ့် Changmin က သူ့ခါးကိုသိုင်းဖက်လိုက်ပြီး မျက်နှာကိုမော့ယူလိုက်ကာ နှုတ်ခမ်းတွေကို အပိုင်သိမ်းလိုက်တယ်....

Jaejoong လဲ အလိုက်သင့်ပဲပြန်တုန့်ပြန်ရင်း သူ့လက်ချောင်းတွေက Changmin ရဲ့ရင်ဘက်ပေါ်မှာ ပြေးလွှားနေလိုက်တယ်... ရုတ်တရတ်ဆိုသလို အနမ်းတွေကိုရပ်တန့်လိုက်ကာ သူ့ကိုပါတွန်းထုတ်လိုက်တဲ့ Changmin ကြောင့် Jaejoong အံ့ဩသွားရပြန်တယ်...

"မင်းဒီမနက်တယောက်ယောက်နဲ့နမ်းခဲ့တယ်"

Jaejoong အံ့ဩစွာနဲ့ Changmin ကို ကြည့်လိုက်တယ်... သူဘာလို့ဒီလောက်တောင် တော်နေရတာလဲ... ဟုတ်ပါတယ် ဒီမနက်သူမပြန်ခင်မှာ Yunho နဲ့ နမ်းခဲ့ကြသေးတယ်... ဒါကိုအခု Changmin သိရှိသွားခဲ့ပြီလား...??

Under My Skin {Completed}Where stories live. Discover now