(Zawgyi)
Yunho TV ကလာတဲ့ သတင်းတွေကိုကြည့်ပြီး သက်ပြင်းချမိတယ်... မြို့လေးတမြို့မှာ မိသားစုအကုန် တယောက်မကျန် အသတ်ခံရတဲ့သတင်း.... သေဆုံးပုံကလဲ သမရိုးကျမဟုတ်တော့ ရဲတွေအထူးတလည် စုံစမ်းနေကြတဲ့အကြောင်းတွေ...
Yunho သိနေပါတယ်... ဒါဘယ်သူ့လက်ချက်လဲဆိုတာကို... ဒီကြားထဲမှာလဲ ကြိုကြားကြိုကြားဆိုသလို လူတွေသေနေကြတာတွေက သူတို့ကိုရီးယားတနိုင်ငံလုံးကို ကပ်ဆိုးကျသလို တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်စေတယ်လေ...
ဆက်ကြည့်ဖို့အတွက် အင်အားမရှိတော့တာကြောင့် Yunho လဲ TV ကို ပိတ်ပစ်လိုက်တယ်... စိတ်ပျက်လက်ပျက်နဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွကာ ထိုင်နေတုန်းမှာပင် သူ့ပခုံးကိုလာကိုင်တဲ့ လက်တဖက်ကို သတိပြုလိုက်မိတယ်....
"Appa...??"
Junsu က Yunho ရဲ့စိတ်ကိုနားလည်စွာနဲ့ ပခုံးတဖက်ကို ခပ်ဖွဖွဖက်ကာ အားပေးလိုက်တယ်... ခုခ်ျိန်မှာ Yunho အတွက် အရမ်းကိုခက်ခဲပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေမှာပဲလေ...
"Appa ကျွန်တော် Jae ကိုဒီတိုင်း ထားလိုက်ရတော့မှာလား...?? သူဒီလိုတွေလုပ်နေတာ သိသိရက်ကြီးနဲ့လေ"
Junsu အနေနဲ့လဲ အကြံပေးဖို့ခက်ခဲပါတယ်... သူလဲ Jaejoong ကို သံယောဇဉ်ရှိသူပဲလေ... တချိန်တုန်းက သူတို့၂ယောက်ဟာ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပဲမဟုတ်လား...
"Appa လဲ မပြောတတ်ဘူး... ဒါပေမယ့်လဲ သူ့ကိုတကယ်ချစ်ရင် သူကောင်းဖို့အတွက် လုပ်ပေးသင့်တယ်မလား... ဒီတိုင်းကြီးဆို လူတွေလဲသေ သူလဲအခြေအနေပိုဆိုးလာမှာ"
အဲဒါကို Yunho လဲ လက်ခံပါတယ်... သူကချစ်လွန်းလို့ ကိုယ်တိုင်မသတ်ရက်ပေမယ့် အခြေအနေပိုဆိုးလာပြီလေ...
"ဘာလို့များတခြားရွေးချယ်စရာလမ်း မရှိရတာလဲ?? ကျွန်တော်တို့ကျမှ ဘာလို့ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတာလဲ??"
Junsu က စိတ်ပျော့သူမို့ Yunho ပခုံးထက်မှာမှီကာ မျက်ရည်ကျမိတယ်... Yunho အကြိမ်ကြိမ်အဖန်ဖန် ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့တယ်...