(Zawgyi)
"Omo သူကဘယ်သူလဲ ကျောင်းသားသစ်လား..?? ချောလိုက်တာနော်"
"Arni အဲဒါ တန်းခွဲ A က Shim Changmin ပါ... သူလုံးဝပြောင်းလဲသွားတာပဲ"
"သူ့ကိုအမြဲခပ်ကုတ်ကုတ်နေတတ်တဲ့ စာကြမ်းပိုးမှတ်နေတာ အခုလိုကျတော့လဲ တကယ့်ကို Cool ပဲ အရမ်းမိုက်တယ်"
တယောက်တပေါက်ပြောဆိုနေကြတဲ့စကားတွေကို Changmin စိတ်မ၀င်စားပေ... သူ့ဘာသာရှေ့တူရှုကိုကြည့်ကာ လမ်းလျှောက်လာလေတယ်.... သူလာရာလမ်းတလျှောက်မှာတော့ လူတိုင်းကသူ့ကို ဝိုင်းငေးမောနေကြတယ်...
ဆူညံနေတဲ့စာသင်ခန်းက ရုတ်တရတ်တိတ်ဆိတ်သွားတာကြောင့် Yunho ဆရာဝင်လာပြီအထင်နဲ့ ဖျတ်ခနဲမော့ကြည့်လိုက်တယ်... သို့သော်အတန်းထိပ်မှာရပ်နေတဲ့သူကိုမြင်တော့ စိတ်ထဲဇဝေဇဝါဖြစ်သွားရတယ်....
Changmin လား...?? သူရုတ်တရတ်ဒီဇိုင်းချိန်းလိုက်တာပဲ... နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကို အပြောင်လှန်တင်ထားတယ်... နဂိုတပ်နေကျမျက်မှန်ကိုလဲမတပ်တော့ပေ... မျက်မှန်မပါရင် ဘာမှမမြင်ရတဲ့သူက ကြည့်ရတာ မျက်ကပ်မှန်ပြောင်းတပ်ခဲ့တယ်ထင်တယ်... သူ့မျက်ဝန်းတွေကအပြာရောင်သို့ ပြောင်းလဲနေတယ်...
Yunho ကြည့်နေတုန်းမှာပင် သူကအတန်းထဲသို့ တလှမ်းချင်းဝင်လာခဲ့တယ်... အရင်ကပျာတီးပျာယာ လမ်းလျှောက်တတ်တဲ့အကျင့်ကနေ အခုကျတော့ဟန်ပါပါနဲ့ တလှမ်းချင်းလျှောက်လာနေတယ်... မျက်နှာကလဲ အေးစက်စွာနဲ့အရယ်အပြုံးမရှိတော့ပေ... ပုံမှန်ဆိုသူအတန်းထဲဝင်လာရင် လူတိုင်းကိုနှုတ်ဆက်နေကျပါ...
"Changmin ဘယ်လိုဖြစ်ပြီးခုလိုပြောင်းလဲသွားတာလဲ...?? မင်းနဲ့တကယ်လိုက်တယ် အရင်ကထက်ပိုချောလာတယ်"
အတန်းထဲကသူငယ်ချင်းတယောက်က စတင်ကာသူ့ကိုနှုတ်ဆက်ပေမယ့် သူကခပ်တည်တည်ပင်... သူ့ကိုပြောနေတာမဟုတ်တဲ့အတိုင်းပါပဲ... အဖက်လုပ်ခြင်းမခံရတော့ ထိုသူငယ်ချင်းလဲ ရှက်အမ်းအမ်းနဲ့ပဲ သူ့နေရာသူသွားပြန်ထိုင်လိုက်တယ်...
Yunho လဲ ဘယ်လိုမှတွေးမရ... မနေ့ကတောင် သူဒီလိုပုံစံမဟုတ်ဘူးလေ... Jaejoong က စာကြည့်တိုက်လိုက်ခဲ့ဖို့ခေါ်သွားရာကနေ Changmin နေသိပ်မကောင်းလို့ ပြန်နှင့်တယ်ဆိုပြီး Jaejoong တယောက်တည်းသာ အတန်းပြန်လာတက်ခဲ့တယ်.... နေမကောင်းတာကနေ ခုလိုကြီးပြောင်းလဲသွားတာကတော့ တော်တော်လေးထူးဆန်းတယ်... သူ့ဘက်ကမေးရအောင်လဲ ၂ယောက်သားကမခေါ်ကြသေးဘူးလေ...