(Zawgyi)
"မင်းတို့သွားကြတော့ ငါ့ကိုထားခဲ့"
"Andwe Jaejoong မင်းကငါတို့ကိုကယ်တင်ပေးခဲ့တာလေ"
ပိတ်သွားတဲ့ခြံတခါးကြီးကို Junsu တဝုန်းဝုန်းတွန်းရိုက်ကာ ဆွဲဖွင့်ဖို့ကြိုးစားသော်လဲအချည်းနှီးပါ... နွယ်ရှင်တွေက Jaejoong ခန္ဓာကိုယ်ကိုလှုပ်မရအောင် အထပ်ထပ်ရစ်ပတ်ကာ မိစ္ဆာအိမ်ကြီးထဲသို့ ဆွဲသွင်းသွားကြလေပြီ....
"JAEJOONG.......!!!!!"
Junsu အသံကုန်ဟစ်ပြီးအော်လိုက်မိတယ်... ရင်ထဲမှာလဲ နင့်နေအောင်ခံစားရတယ်.. Jaejoong ဆိုတာ သူ့အပေါ်အနားလည်ပေးနိုင်ဆုံး သူငယ်ချင်းတယောက်လေ..
"Jaejoong ahh Kajima.... Jaejoong....!!!!"
"Suuie သတိထားဦးလေ"
နားထဲမှာညင်သာတဲ့ခေါ်သံတခုနဲ့အတူ ခန္ဓာကိုယ်ကိုပါ တစုံတယောက်က လာထိတွေ့တော့ Junsu မျက်လုံးတွေဖွင့်ကြည့်လိုက်မိတယ်... ထိုအခါမှသူ့ကို အုပ်မိုးကာကြည့်နေတဲ့ Yuchun ကို တွေ့လိုက်ရတယ်...
"မင်း အဲဒီအိပ်မက်တွေ ထပ်မက်နေပြန်ပြီလား...??"
Yuchun ကြင်နာစွာပြောရင်း Junsu နဖူးထက်က ချွေးစတွေကို တယုတယသုတ်ပေးလိုက်တယ်... Junsu ကလဲ Yuchun ရဲ့လက်တွေကိုအားကိုးတကြီးနဲ့ ဆုပ်ကိုင်ရင်း....
"Chun ငါ အခုထိ Jaejoong ကိုမေ့လို့မရဘူး သူ...သူသေသွားတာ ငါ့ကြောင့်လို့စိတ်ထဲစွဲနေတာ သူသာသူ့ရဲ့အဆောင်ဆွဲကြိုးလေးကို ငါ့ဆီမပေးလိုက်ရင်...."
"ရှူး...တော်တော့ Suuie"
Yuchun က Junsu ရဲ့နှုတ်ခမ်းလေးပေါ်ကို လက်နဲ့ကန့်လန့်ဖြတ်ပိတ်လိုက်ရင်း စကားတွေကိုရပ်တန့်ပစ်စေတယ်.. Junsu အရမ်းအားငယ်တတ်တာ သူသိတာပေါ့.. အဲဒီ့အဖြစ်အပျက်တွေပြီးသွားတော့ Junsu တယောက် ရူးသလိုလိုတောင်ဖြစ်သွားလို့ စိတ်ရောဂါကုဆေးရုံမှာ တနှစ်လောက်နေလိုက်ရတယ်လေ...
"အတိတ်ဆိုတာပြန်ပြင်လို့မှမရတာပဲ ကြိုးစားပြီးမေ့ထားပါ Suuie ရယ် ကိုယ့်ကိုကိုယ်စိတ်ဒုက္ခမပေးနဲ့နော်"
"Chun ငါ....ငါကြောက်တယ်"
Junsu ကတုန်ကယင်လေးဖြစ်နေတော့ Yuchun လဲ အားပေးတဲ့အနေနဲ့ Junsu နဖူးလေးပေါ်အနမ်းတပွင့်ခြွေလိုက်တယ်...