(Zawgyi)
"Appa သားကျောင်းသွားတော့မယ်"
Yunho ကျောင်းဝတ်စုံအပြည့်နဲ့ ကျောင်းသွားဖို့အိမ်ပေါက်ဝ ရောက်နေတာတောင်မှ အရင်လိုမျိုး Appa က အိမ်ပေါက်ဝမှာရပ်ကာ နှုတ်ဆက်ဖို့စောင့်မနေ... Appa ရဲ့ပါးကိုနမ်းပြီးမှ ကျောင်းသွားတတ်တဲ့ Yunho အိမ်ပေါက်ဝမှာပဲ Appa ထွက်မလာမချင်း ပေတေကာ ရပ်စောင့်နေမိတယ်...
"Miyahae Appa ထမင်းဘူးထည့်နေလို့"
ခုမှအပြေးအလွှားအိမ်ထဲကနေထွက်လာတဲ့ Appa ကို Yunho မျက်မှောင်ကျုံ့ကာကြည့်လိုက်တယ်.. Yunho ကျောင်းကိုတခါမှ ထမင်းဘူးထည့်မသွားဖူးပါ... ဒါကို Appa က ခုကျမှဘာလို့ထည့်ပေးနေရတာလဲ...?? Appa ကလဲ ထမင်းဘူးကိုလှမ်းမယူပဲ ငေးကြည့်နေတဲ့ Yunho ကိုနားလည်သွားပုံနဲ့ ပျာပျာသလဲရှင်းပြတယ်...
"Jaejoong အတွက်လေ သူက Appa ချက်တဲ့ဟင်းတွေဆို သိပ်ကြိုက်တာ သူစားဖို့ယူသွားပေးပါလားနော်"
သားဖြစ်သူကိုပြန်ချော့မော့ပြောနေရတဲ့ Appa ကို Yunho လဲ ဆက်ပြီးရစ်မနေချင်ပါ... ခုနောက်ပိုင်း Yunho ကတော့ Appa အလုပ်ရှုပ်မှာစိုးလို့ နေ့လည်စာကို Canteen မှာပဲ လခပေးပြီးစားတဲ့အတွက် ပူစရာမလိုပေမယ့် အမြဲနေ့လည်စာမစားတတ်တဲ့ Jaejoong အတွက်တော့ ဒီထမင်းဘူးက အသုံးဝင်မှာပါ.. ဒါပေမယ့်လဲအတိအကျတော့ပြောလို့မရ... Changmin နေ့တိုင်းကျွေးနေတာကိုတောင် Jaejoong က စားမှမစားတာပဲ....
"Nae ယူသွားပေးပါ့မယ် Jaejoong ကြိုက်မှာသေချာတယ်"
ထိုအခါ Appa ရဲ့မျက်နှာလေး ၀င်းလက်ပျော်ရွှင်သွားလိုက်တာ... Jaejoong ကို အဲ့လောက်တောင်အရေးထားတယ်လား.. Yunho လဲ Appa ရဲ့ပါးကိုလှမ်းနမ်းကာ နှုတ်ဆက်လိုက်ပြီးမှ ကျောင်းကိုထွက်လာခဲ့လိုက်တယ်... ဒီတခါတော့ Jaejoong နဲ့ Changmin က ကြိုရောက်နှင့်နေပြီး Changmin က ထုံးစံအတိုင်း Jaejoong ဘေးမှာတတွတ်တွတ်နဲ့ စကားတွေပြောနေတယ်... သူတို့ရှေ့စားပွဲခုံပေါ်က ဖွင့်ထားတဲ့ထမင်းဘူးလေးထဲမှာတော့ စားချင်စဖွယ် ကြက်ဥထမင်းလိပ်တွေ...
"Jaejoong ahh တခုလေးဖြစ်ဖြစ်ယူစားပါလား ငါကမင်းကိုစားစေချင်လို့ Omma ကို အတင်းဂျီကျပြီး လုပ်ခိုင်းထားရတာကို"