He is my old friend

2.7K 321 47
                                    

(Zawgyi)

"သေနေတဲ့ကျောင်းသားကို ဘယ်သူအရင်ဆုံးတွေ့ခဲ့တာလဲ...??"

"ကျွန်တော်တို့၂ယောက်လုံးအတူတူတွေ့ခဲ့တာပါ သန့်ရှင်းရေးလုပ်ပြီး အမှိုက်သွားပစ်တုန်း သူ့ကိုလမ်းမှာလဲပြီးသေနေတာတွေ့လိုက်ရတာ"

ရဲအရာရှိတယောက်က Yunho ဖြေသမျှကို စာအုပ်ထဲမှာလိုက်မှတ်နေတယ်... တခြားလဲဘာမှဆက်မေးစရာ မရှိတော့တဲ့အတွက် စာအုပ်ကိုပိတ်လိုက်ကာ Yunho မျက်နှာကို ကြည့်လိုက်တယ်...

"ခုလိုဖြေပေးတာကျေးဇူးပါကွာ မင်းတို့လဲသတိထားနေပေါ့ တရားခံကိုမမိမချင်း စိုးရိမ်စရာအခြေအနေပဲလေ"

"Nae သတိပေးတာကျေးဇူးတင်ပါတယ် ရဲအရာရှိကြီး"

ရဲအရာရှိကြီးကလဲခေါင်းညိတ်ပြကာ Yunho ပခုံးကိုလက်နဲ့ပုတ်လိုက်ပြီးမှ နှုတ်ဆက်ကာပြန်သွားလေတယ်.... ရဲကားတွေအိမ်ရှေ့ကနေထွက်သွားတော့မှ Yunho လဲ သက်ပြင်းချလိုက်တယ်... Jaejoong တယောက်တည်းကတွေ့ခဲ့တာဆိုရင် Jaejoong ဆီကိုမေးခွန်းတွေအများကြီး ရောက်လာမှာစိုးတဲ့အတွက် Yunho ကပါ အတူတူတွေ့ခဲ့တာလို့ လိမ်ညာလိုက်ရတယ်...

"သား အဆင်ပြေရဲ့လား....??"

နောက်ကနေပခုံးကိုလာဖက်ရင်း စိုးရိမ်စွာမေးတဲ့ Appa ကို Yunho လဲ ပြုံးရင်းခေါင်းညိတ်ပြလိုက်တယ်.... Appa က အရမ်းစိုးရိမ်ပူပန်တတ်သူမို့ Appa ရှေ့မှာ ကြောက်နေတဲ့ပုံဖြစ်လို့မဖြစ်ဘူး... အမှန်တော့ ဖြူလျော်ပြီးသေဆုံးနေတဲ့ ကျောင်းသားရဲ့အလောင်းကိုတွေ့ကတည်းက Yunho လန့်သွားတာ... တသက်နဲ့တကိုယ်အခုလိုမျိုး တခါမှမတွေ့ဖူးဘူးလေ...

"မင်းရဲ့သူငယ်ချင်းရော အဆင်ပြေရဲ့လား...?? သူလဲကြောက်နေမယ်ထင်တယ်"

စိတ်ကောင်းရှိတဲ့ Appa က သားဖြစ်သူ Yunho ကိုတင်မကဘူး သားရဲ့သူငယ်ချင်းကိုပါ စိုးရိမ်နေသေးတာပဲ....

"အင်း ဟုတ်တယ် Appa သူကတော့ အရမ်းကြောက်သွားတယ် ငိုလဲငိုတယ် ကျောင်းသားသစ်ဆိုတော့ပိုဆိုးတယ် အခုမှကျောင်းပြောင်းလာပြီးမှ ဒီလိုကြောက်စရာအဖြစ်တွေနဲ့ ကြုံရတာကိုး"

"အေးပေါ့လေ သူ့ခမျာတော်တော်လန့်သွားရှာမှာ"

Appa ကလဲစိတ်မကောင်းတဲ့မျက်နှာနဲ့ တွေးတွေးဆဆပြောနေတယ်... ထိုစဉ်ခြံတံခါးတွန်းဖွင့်လိုက်သံကြောင့် Yunho လှမ်းကြည့်လိုက်တော့ စက်ဘီးတစီးနဲ့ရောက်ချလာတဲ့ Changmin...

Under My Skin {Completed}Where stories live. Discover now