(Zawgyi)
ချောမွေ့လွန်းတဲ့မျက်နှာ နုဖတ်ကြည်စင်နေတဲ့အသားအရည် ကပိုကရိုဝဲကျနေတဲ့ ရွှေဝါရောင်ဆံပင်ခပ်ပျော့ပျော့လေး...
သူဘာလို့ဒီလောက်တောင် ချောမောလှပနေရတာလဲ...??ဒါပေမယ့်....သူ့ရဲ့ပြာလဲ့လဲ့မျက်ဝန်းတွေကတော့ ရီဝေမှိုင်းမှုံနေတယ်... အရယ်အပြုံးမရှိတဲ့သူက မာနကြီးတဲ့ပုံလဲမဟုတ်ပဲနဲ့ သူ့ဘာသာတယောက်တည်း ခပ်အေးအေးနေချင်တဲ့ သူတယောက်ပုံစံမျိုးပါ...
သူ့ရဲ့နောက်ကခုံမှာထိုင်ရတဲ့ Yunho ကတော့ မရည်ရွယ်ပါပဲနဲ့သူ့ကိုပဲ ငေးကြည့်နေမိတယ်... မျက်နှာချောချောကိုမတွေ့ရပေမယ့် အာရုံမှာစွဲနေတဲ့ သူ့မျက်နှာလေးကို အလွတ်မှတ်မိနေပြန်တယ်... ဆရာစာသင်နေတာတွေကလဲ ကြားတချက်မကြားတချက်... White Board ကိုမော့ကြည့်တိုင်း အရှေ့မှာထိုင်နေတဲ့သူ့ကို မြင်နေရတော့လဲအခက်သား....
>>ကလင် ကလင် ကလင်<<
အတန်းပြီးလို့ဘဲလ်တီးတော့ ဆရာလဲထွက်သွားသလို ကျောင်းသားတွေလဲစာအုပ်ကို အမြန်ကောက်သိမ်းနေကြတယ်... ထမင်းစားနားချိန်မို့ Canteen ကို သူ့ထက်ငါအမြန်သွားရန် တာဆူနေကြတယ်လေ... Yunho လဲစာအုပ်သိမ်းရင်း သူ့အကြည့်တွေက ခုထိမလှုပ်မယှက်ထိုင်နေဆဲ သူ့အရှေ့ကလူချောလေး Kim Jaejoong ကို တချက်တချက်ရောက်သွားတယ်.... သူကရော ထမင်းသွားစားဖို့ အစီအစဉ်မရှိဘူးလား...?? ဒါမှမဟုတ်အိမ်ကနေပဲ ထမင်းဘူးပါလာလို့လား..??
"Annyeoung Jaejoong shi သူငယ်ချင်းတွေဖြစ်လို့ရမလားဟင်...??"
အသံကြားလို့ Yunho ဆတ်ခနဲမော့ကြည့်တော့ Jaejoong ရဲ့ဘေးမှာ ပြုံးရွှင်တဲ့မျက်နှာလေးနဲ့ မတ်တပ်ရပ်နေတဲ့ Changmin ကို အံ့ဩစွာတွေ့လိုက်ရတယ်... ဒီကောင်စာကြမ်းပိုးက ကိုယ့်ထက်တောင်လက်သွက်နေတာပဲ....
"ငါ့နာမည်က Shim Changmin ပါ ဒီအတန်းရဲ့ Roll no.1 လေ မင်းစာမရှင်းတာရှိရင် ငါ့ကိုလာမေးလို့ရပါတယ်"
Changmin စကားတွေအများကြီးပြောကာ မိတ်ဖွဲ့နေပေမယ့် လူချောလေးကသူ့ကို မော့သာကြည့်နေတာ ခင်လို့ရပါတယ်လဲမပြော သူကမ်းပေးတဲ့လက်ကိုလဲ အရေးမလုပ်... Changmin နောက်ခုံကိုဖျတ်ခနဲကြည့်မိတော့ သူ့အဖြစ်ကိုကြည့်ပြီး တခွိခွိရယ်နေတဲ့ Yunho...