(Zawgyi)
ပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးကာ ဆွေးမြေ့နေတဲ့ Jaejoong ကိုကြည့်ပြီး Changmin မျက်မှောင်ကျုံ့လိုက်တယ်... Jaejoong ကို ခုလိုပုံမျိုးနဲ့တွေ့ရတာ သိပ်ပြီးတော့သဘာဝမကျ...
"Jaejoong မင်း အဆင်ပြေရဲ့လား...??"
Changmin မနေနိုင်ပဲလှမ်းမေးလိုက်မှ Jaejoong လှည့်ကြည့်လာတယ်... Changmin ကိုမြင်တော့ ပြုံးပြကာခေါင်းညိတ်ပြတယ်... ဒါပေမယ့် Changmin သိတယ်... သူဟန်ဆောင်နေတယ်ဆိုတာ...
Jaejoong ဘေးမှမတ်တပ်ရပ်ကာ သူကြည့်နေတဲ့အပြင်ဘက်ကို လှမ်းကြည့်တော့ ဘာမှစိတ်ဝင်စားစရာမရှိ... ခါးကိုလာဖက်တဲ့ Jaejoong ကြောင့် Changmin ပြန်ငုံ့ကြည့်လိုက်တယ်...
"မွှေးနေတာပဲ.. ငါမင်းရဲ့ကိုယ်သင်းနံ့ကိုကြိုက်တယ်"
ရင်ဘက်ကိုလာနမ်းပြီး Jaejoong ပြောတော့ Changmin ပြုံးလိုက်မိသေးတယ်... အဲလိုလေးတွေ လုပ်နေမှတော့ သူ့ကိုမချစ်ပဲကို မနေနိုင်တော့ဘူးလေ...
ရင်ခွင်ထဲကနေ မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်နေတဲ့ Jaejoong က မနေ့တနေ့က သူ့ရှေ့မှာတင် လူတွေကိုတယောက်ပြီးတယောက် ရက်ရက်စက်စက် သတ်ခဲ့တဲ့သူဆိုတာ ယုံနိုင်ဖွယ်ရာတောင်မရှိ...
သူတို့ Devil Hunters တွေကိုသတ်ပြီးတော့ ထိုညတွင်းချင်းပဲ Jaejoong မဖြစ်မနေ သတ်ရမယ်ဆိုတဲ့ Mr. Lee တို့တအိမ်လုံးကိုလဲ သူတို့သတ်ပစ်ခဲ့ကြတယ်...
Jaejoong ရဲ့ ကြောက်စရာကောင်းပြီး သွေးအေးရက်စက်လွန်းတဲ့ အပြုအမူတွေကြောင့် ထိုအချိန်က Changmin ကိုယ်တိုင်ပင် လန့်လာရတယ်... အဲဒ်ီနေ့က သူအင်အားတွေနည်းနေလို့ Jaejoong ချည်းပဲ ဦးဆောင်သွားခဲ့တာ...
သူတို့ထိုအိမ်ထဲကထွက်တော့ မိုးတောင်လင်းစပြုနေပြီ... မြို့ထဲက အမြင့်ဆုံးအဆောက်အအုံပေါ်မှာ သူတို့၂ယောက် မတ်တပ်ရပ်ကြည့်နေရင်း Yunho ကို ဆေးရုံကားနဲ့ သယ်သွားတာမြင်မှ Jaejoong ပြုံးလိုက်ပြီး Changmin ကိုခေါ်ကာ ထွက်သွားဖို့ပြင်ခဲ့တာပါ...
အခုသူတို့မြို့လေးကို စွန့်ခွာခဲ့တာ တပါတ်တောင်ကျော်နေလေပြီ... Changmin အနေနဲ့လဲ မိစ္ဆာဖြစ်သွားလို့ထင်တယ်... သူ့မိသားစုကိုလဲ သံယောဇဉ်တွယ်မနေတော့ပေ... Jaejoong နောက်သို့သာလိုက်ပြီး သူ့ဘ၀ကိုဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်တယ်...