True love...??

2.7K 291 41
                                    


(Zawgyi)

ကျောင်းခေါင်မိုးပေါ်မှာ Jaejoong တယောက်တည်း ငြိမ်သက်စွာထိုင်နေရင်း အဝေးကိုငေးကာအတွေးတွေ ပျံ့လွင့်နေခဲ့တယ်... သူလို Devil တယောက်မှာ တွေးစရာတွေရှိပါ့မလားလို့ အထင်ရောက်နေမိမှာပဲ... ဟုတ်တယ် အမှန်တော့ သူက Half Devil လေ...

သူ့ရဲ့ခန္ဓာကိုယ်က လူသားတယောက်ရဲ့ ခန္ဓာကိုယ်ဖြစ်ပြီး အတွင်းစိတ်ကသာ မိစ္ဆာသွေးတွေစီးဆင်းနေတာပါ... အခုသူ့မှာစဉ်းစားစရာတွေရှိနေပြီ... အသက်ဆက်ဖို့အတွက် လူသွေးတွေသောက်သုံးနေရတဲ့ Devil တယောက်မှာ အချစ်ဆိုတာရှိနိုင်ပါ့မလားလို့ပေါ့...

သူရဲ့ချစ်သူလို့သူကိုယ်တိုင်သတ်မှတ်ကာ သူလိုပင် Half Devil ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ Changmin ထက်တောင် တခြားတယောက်ကို သူရင်ခုန်နေမိတယ်...

သူ...Park Yunho
အပြုံးနွေးနွေးလေးတွေနဲ့ ကြင်နာတတ်တဲ့လူသားတဦး.... အရင်က သူ့ငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ Junsu ရဲ့သား... သူအမှတ်တမဲ့ကိုယ့်ကိုလာနမ်းလိုက်တဲ့ အချိန်တခဏလေးမှာတောင် Jaejoong ရဲ့ရင်တွေ တဒိတ်ဒိတ်ခုန်လာရတာ ဘာကြောင့်လဲ...?? Changmin နဲ့နမ်းစဉ်ကတောင် အခုလိုမျိုး မခံစားရပါပဲနဲ့..

"မင်းက ဒီရောက်နေတာကိုး"

Jaejoong အသံကြားရာကို လှည့်ကြည့်လိုက်တော့ Changmin... နံရံကိုမှီထိုင်နေတဲ့ Jaejoong ရဲ့ဘေးမှာ Changmin လာဝင်ထိုင်လိုက်တယ်...

"နောက်ဆုံးတော့မင်းလဲ ငါရှိတဲ့နေရာကို အာရုံခံနိုင်သွားပြီပဲ"

Jaejoong ခပ်ဟဟရယ်ရင်း ပြောလိုက်တယ်... Changmin က သူ့ဘေးက Jaejoong ကို ငဲ့စောင်းကြည့်ရင်း နူးညံ့စွာပြုံးလိုက်တယ်...

"ငါကမင်းဖန်တီးထားတဲ့သူလေ... တချိန်မှာမင်းလိုပဲ စွမ်းအင်တွေပိုင်ဆိုင်လာမှာ မဟုတ်ဘူးလား...??"

"ဟုတ်တယ် ဒါပေမယ့်မင်းက ငါဖန်တီးထားတဲ့သူတွေထဲမှာ ဉာဏ်ရည်အမြင့်ဆုံး သင်ယူနိုင်စွမ်းအကြီးမားဆုံးပဲ ပထမဆုံးနေ့မှာတင် အမဲလိုက်နိုင်တာ အရမ်းတော်လွန်းတယ် တခြား Devil တွေ အဲလိုမလုပ်နိုင်ဘူး... အရမ်းအားနည်းနေပြီး မဖြစ်မနေအခြေအနေမှ အမဲလိုက်နိုင်သွားကြတာ"

Under My Skin {Completed}Where stories live. Discover now