(Zawgyi)
Yunho အတန်းထဲဝင်လာတော့ Changmin က မျက်နှာငယ်လေးနဲ့လှမ်းကြည့်နေတယ်... မနေ့ကသူ့ပြောလိုက်တဲ့စကားကို Yunho စိတ်ဆိုးသွားတဲ့အတွက် တောင်းပန်ချင်တာလဲ ပါတာပေါ့.... Yunho ကတော့ ခပ်တည်တည်ပဲနေနေလိုက်တယ်...
ဒါပေမယ့် Changmin ကတော့ မနေနိုင်ပါ... Yunho ရဲ့ဘေးသို့ ဖျတ်ခနဲရောက်လာပြီး တောင်းပန်စကားလာပြောတယ်....
"Yunho ahh ငါတောင်းပန်ပါတယ်ကွာ ငါအပြောမတတ်လို့ပါ အဲလိုမရည်ရွယ်ပါဘူး တကယ်ပါ"
ကြမ်းပြင်ပေါ်မှာဆောင့်ကြောင့်လေးထိုင်ကာ စားပွဲခုံမှာမေးလာတင်ရင်း တတွတ်တွတ်ပြောနေတဲ့ Changmin ကို Yunho စိတ်ဆိုးပြေချင်ပေမယ့် မှတ်လောက်သားလောက်အောင် ပစ်ထားဦးမယ်လို့ စိတ်ကူးမိလိုက်တယ်...
"ဘာမှလာပြောမနေနဲ့ ထွက်သွားစမ်းပါ"
Yunho ခပ်တည်တည်နဲ့ပိတ်ဟောက်လိုက်တော့ Changmin မျက်နှာစူပုတ်ပုတ်ဖြစ်သွားပေမယ့် ပေတေကာထိုင်နေဆဲ... Yunho ကတော့ မသိချင်ယောင်သာဆောင်နေလိုက်တယ်...
"ဟာာ Jaejoong"
အနားမှာပေကပ်နေတဲ့ Changmin ဖျတ်ခနဲထသွားလို့ Yunho လဲအခန်းဝဆီ လှမ်းကြည့်လိုက်တယ်... ထုံးစံအတိုင်းအေးတိအေးစက် မျက်နှာထားနဲ့ Jaejoong....
"Jaejoong မင်းဒီနေ့နောက်ကျတယ်နော် ငါကမနက်စာအတူတူစားဖို့စောင့်နေတာကို"
Yunho ဘေးနားမှာထိုင်နေတဲ့ Changmin က Jaejoong ကိုလဲမြင်ရော ချက်ချင်းကိုထထွက်သွားလိုက်တာ Yunho ကိုတောင်ရှိတယ်လို့မထင်တော့... ထားလိုက်ပါလေ Yunho ကိုယ်တိုင်ကသူ့ကို ထွက်သွားဖို့ပြောထားတာကို...
"ရော့ ဒီမှာမင်းစားဖို့ ငါမုန့်ယူလာတယ်"
အရင်ကသူ့ဘာသာအိမ်မှာပဲ မနက်စာစားတတ်တဲ့ Changmin အခုကျမှ Jaejoong ကို စေတနာပိုနေပြန်ပြီ... Yunho လှည့်မကြည့်ပေမယ့် သူတို့ဘာတွေပြောနေလဲ မသိမသာနဲ့ နားစွင့်ထားလိုက်တယ်...
"ငါမှမစားချင်တာ"
Jaejoong ကတော့ ထုံးစံအတိုင်း ဘာကျွေးကျွေးမစား... ဘာသဘောလဲတော့မသိ... သူဗိုက်မဆာဘူးလား... သူများကျွေးတာလဲမစားသလို သူ့ဘာသာလဲဝယ်မစား...