အ​ဖေနဲ့သမီး

2.6K 152 11
                                    

"Tae နင်​ဘယ်​မှာလဲ?"
Sunny ရုံးဖုန်းနဲ့ Taeyeon ကို​ခေါ်လိုက်​သည်​။

"ငါ Hyunnie ကိုသွားကြိုတဲ့လမ်းမှာ~ဘာဖြစ်​လို့လဲ?"

"ဘာမှမဟုတ်​ဘူး~နင်​ဒီ​နေ့ရုံးမလာလို့​မေးကြည့်​တာ"
Sunny သုံးလက်​စ Laptop ကိုပိတ်​လိုက်​ပြီးသူမ Boss နဲ့စကားဆက်​​ပြောသည်​။

"Aww ငါဒီ​နေ့နဲ့မနက်​ဖြန်​ရုံးမတက်​​တော့ဘူးဆိုတာနင့်​ကိုအသိ​ပေးဖို့ငါ​မေ့သွားတယ်​~​နောက်​လ​တွေဆိုငါအားမှာမဟုတ်​​တော့ဘူး​လေ အာ့​ကြောင့်​မို့အခုနည်းနည်းအားတုန်း​လေးသမီးနဲ့အချိန်​ဖြုန်းပြီးဟိုဟိုဒီဒီလိုက်​ပို့​ပေးမလားလို့​လေ"
Seohyun ​ကျောင်းတံခါးနဲ့သိပ်​မ​ဝေးတဲ့​နေရာမှာ Taeyeon ကားရပ်​လိုက်​သည်​​။

"နင်​သူ့ကိုဘယ်​​တွေ​ခေါ်သွားမှာလဲ?"

Seohyun ကို Sunny ကိုယ့်​တူမ​လေးအရင်းတစ်​​ယောက်​လိုချစ်​တာ​ကြောင့်​စပ်​စုချင်စိတ်​ကိုထိန်းမရပဲ​မေးလိုက်​မိသည်​။သူမဘယ်​​လောက်​ Taeyeon တို့နဲ့အတူ​လျှောက်​​လည်​ချင်​ပါ​သော်​လည်း သူမ​စားပွဲ​ပေါ်မှာ​တောင်​လိုပုံ​နေတဲ့အလုပ်​​တွေ​ကြောင့်​သူမစားပွဲကိုပစ်​ထားခဲ့​ဖို့ဆိုတာမ​ဖြစ်​နိုင်​။Sunny တစ်​​ယောက်​ဒီ​နေ့​နေမဝင်​ခင်​အပြတ်​ဖြတ်​ရမည့်​စာရွက်​စာတမ်းအထပ်​လိုက်​ကြီးကိုကြည့်ပြီးသက်​ပြင်းချမိသွားသည်​။

"မသိ​သေးဘူး~mall ကို​ခေါ်သွားပြီး​နေ့လည်​စာ​ကျွေးမယ်​~ပြီး​တော့ ဘာဘီရုပ်​​တွေဝယ်​​ပေးပြီး တိရစ္ဆာန်​ရုံသွားမလားလို့​လေ~သူက Mr.Frog ကိုကြည့်​ချင်​တယ်​​ပြော​နေတယ်​"
Taeyeon ကားထဲ​နေထွက်​လိုက်​သည်။

"Mr.Frog?"

"Yep~သူ keroro ကိုဘယ်​​လောက်​ကြိုက်​တယ်​ဆိုတာနင်​မှတ်​မိတယ်​မလား~အဲ့ဒါ​ကြောင့်​ Mr.frog ကိုသူနာမည်​​ပေးထားတဲ့ Keroro ကို​တွေ့ရမယ်​ထင်​​နေတာ"
Taeyeon သိပ်​အ​ရေးမကြီးတဲ့အ​ကြောင်းအရာတစ်​ခုကို​သေချာရှင်းပြလိုက်​သည်​။

"ဟားဟား နင့်​သမီးကသိပ်​​လည်​တာပဲ!ကဲကဲ ​ပျော်​လိုက်​ဦး Seobaby ကိုငါနှုတ်​ဆက်​တယ်​ဆိုတာလဲ​သေချာ​ပြော​ပေးဦး ဟုတ်​ပြီလား?"

အဖြူ​ရောင်​မုသားWhere stories live. Discover now