Set Me Free[Part-1]

1.5K 148 4
                                    

"မ​တွေ့ရတာကြာပြီ​နော်​ Miyoung!အဆင်​​ပြေရဲ့လား?"

"ကျွန်မအဆင်​​ပြေပါတယ်​ Unnie!Unnie ​ရောအဆင်​​ပြေရဲ့လား?"

Tiffany မဝံ့မရဲနဲ့​ပြန်​​ဖြေ၏။Sooyoung နဲ့ဒီလိုဆုံဖို့ဆိုတာ လုံးဝ​မျှော်​လင့်​မထားဘူး

"မြင်​တဲ့အတိုင်းပဲ​လေ~ငါအဆင်​​ပြေပါတယ်​"

"ဒါနဲ့ နင်​ဒီမှာဘာလာလုပ်​တာလဲ?"

"သူငယ်​ချင်း​တစ်​​ယောက်​ကျွန်​မကို
ဖိတ်​လို့"

"အာ့ဆို Taeyeon နဲ့​တွေ့တာကလုံးဝတိုက်​ဆိုင်​တာပဲ​ပေါ့!​စော​စောတုန်းက သံသယဝင်​မိတဲ့အတွက်​ Sorry ပါ"

"တကယ်​​တော့ အဲ့ဒါကကျွန်​မဒီကိုလာချင်​ရခြင်းရဲ့ဒုတိယအ​ကြောင်းအရင်းပဲ"

"I see"

"ကျွန်မ​တောင်းပန်​ပါတယ်​ Unnie"

ရုတ်​တရက်​ Tiffany ငိုချလိုက်​သည်

"Hey ဘာလို့ငို​နေတာလဲ?"

Sooyoung လန့်​သွားပြီး Tiffany ​ဘေးကခုံမှာဝင်​ထိုင်​ကာ ညီမဖြစ်​သူရဲ့ပုခုံး
ကိုကိုင်​လိုက်​သည်

"ကျွန်​မ....​တောင်းပန်​..ပါတယ်​"

"ရပါတယ်​!နင်​ဘာ​ကြောင့်​အဲ့လိုလုပ်​တယ်​ဆိုတာငါသိတယ်​!အဲ့ဒီအ​ကြောင်းကိုလက်​ခံဖို့ခက်​ခဲတယ်​ဆိုတာငါဝန်​ခံပါတယ်​~ဒါ​ပေမယ့်​ ပြီးခဲ့တာကပြီးခဲ့ပြီပဲ​လေ!ငါနင့်​ကိုစိတ်​ဆိုး​နေရင်​​တောင်​မှ နင်​ကငါ့ညီမဆိုတဲ့အချက်​ကိုငြင်းလို့မှမရတာ!
ပြီး​တော့ ငါ့ညီမ​လေးကိုငါချစ်​ပါတယ်​"

"ကျွန်​မ...​နောင်​တရတယ်​!အရမ်းလဲငယ်​​သေးတယ်​~ပြီး​တော့ ​လောဘကြီးပြီး ကျွန်မမိုက်​မဲခဲ့မိတယ်​!နှစ်​ခါပြန်​ပြီးမစဉ်း
စားမိတဲ့အထိ ကျွန်​မတုံးအခဲ့တယ်​"

"ငါသိပါတယ်​~ငါနင့်​ကိုခွင့်​လွှတ်​တယ်​!ငါတို့အားလုံး နင့်​ကိုခွင့်​လွှတ်​ထားပါတယ်​~Taeyeon အပါအဝင်​​ပေါ့"

"ကဲ ငိုမ​နေနဲ့​တော့.."

"Mom နဲ့ Dad ​ရော​နေ​ကောင်း​ကြရဲ့လား??"

"ကျန်းကျန်းမာမာပါပဲ"

"Oppa ​ရော??"

"သူ​နောက်​နှစ်​ဆိုရင်​မင်္ဂ​လာ​ဆောင်​​တော့မှာ..လာဖြစ်​​အောင်​လာ​နော်​"

အဖြူ​ရောင်​မုသားOnde histórias criam vida. Descubra agora