Always you[Part-2]

1.6K 165 10
                                    

"Sunny က Shooting ပြီးရင်​ Director Kim နဲ့​တွေ့စရာရှိတယ်​​ပြောလို့ပါ။ဘာကိစ္စများရှိလို့လဲ Taeyeon shii"

"ဟုတ်​တယ်​~ကျွန်​မရှင်​တို့နှစ်​​ယောက်​နဲ့​ဆွေး​နွေးစရာကိစ္စ​လေးတစ်​ခုရှိလို့ပါ။ရှင်​တို့ပင်​ပန်း​နေမယ်​​ဆိုတာ ကျွန်​မနားလည်​ပါတယ်​~ဒါ​ပေမယ့်​ ဒီကိစ္စက urgent ဖြစ်​​နေတာ​ကြောင့်​ ရှင်​တို့​နှစ်​​ယောက်​နားလည်​​ပေးဖို့လဲကျွန်​မ​မျှော်​လင့်​တယ်​"

Yunho နဲ့ Tiffany သူတို့မန်​​နေဂျာ​တွေနဲ့အတူ​ခေါင်းငြိမ့်​ပြသည်

"ကျွန်မတို့ဒီမှာ​ဆွေး​နွေးမှာလား?"

Tiffany ​မေးသည်​။

"မဟုတ်​ဘူး။ကျွန်​မတို့ဘယ်​ကိုသွားရင်​​ကောင်းမလဲ?"

"ကျွန်​မသူငယ်​ချင်းတစ်​​ယောက်​ဖွင့်​တဲ့ Cafe ဆိုင်​တစ်​ဆိုင်​ရှိတယ်​!အဲ့ဒီကိုပဲသွားက​အောင်​​လေ~အဲ့​နေရာကိုသိတာ ကျွန်မနဲ့ Tiffany ပဲ​ဆို​တော့ ဒီလိုလုပ်​ပါလား?နှစ်​ဖွဲ့ခွဲပြီးသွားရ​အောင်​!ကျွန်​မ Yunho တို့ကားနဲ့လိုက်​ခဲ့မယ်​~ရှင်​နဲ့ Tiffany ကတစ်​ကားသပ်​သပ်​နဲ့လိုက်​ခဲ့​ပေါ့!ဘယ်​လိုလဲ?"

Yuri တမင်​သက်​သက်​ Taeyeon နဲ့ Tiffany အတူတူ​လာ​အောင်​လုပ်​လိုက်​ခြင်းဖြစ်​သည်

"ကျ​နော်​က​တော့ ကိစ္စမရှိဘူး!အာ့ဆိုသွားရ​အောင်​​လေ~ကျ​နော်မြန်​မြန်​နားချင်​​နေပြီ"

"ကျွန်​မသူ့ကိုရှင်​နဲ့ထားခဲ့မယ်​​နော်​!Taeyeon shii!အဲ့မှာပဲဆုံကြတာ​ပေါ့"

Yuri ပြုံးပြပြီး Yunho တို့​နောက်​က​နေလိုက်​သွား၏

"ငါ့ကားကဟိုဘက်​မှာ.."

"Tae~"

"Hmmm?"

"Seohyun ဘယ်​လို​နေလဲ?"

"သူ​နေ​ကောင်းပါတယ်​!ခါတိုင်းလိုပဲ~"

Taeyeon ​အေးစက်​စက်​ပြန်​​ဖြေသည်​။သူကားစက်​နှိုးလိုက်​ပြီး ခဏ​​စောင့်​​နေ၏

"​ကျေးဇူးပြုပြီးခါးပတ်​ပတ်​လိုက်​ပါ။ဒါမှ ငါတို့ချက်​ချင်းလိုက်​လို့ရမှာ"

"Sorry"

"ကိစ္စမရှိပါဘူး။ကဲ ငါ့ကိုလမ်းပြ​ပေး​တော့"

အဖြူ​ရောင်​မုသားWhere stories live. Discover now