သူကလွဲလို့

2K 137 7
                                    

"Daddy,Aunty Tippanii က​ချောတယ်​​နော်​"
Seohyun ကိုယ်​​လေးကို Keroro ​စောင်​​လေးနဲ့ခြုံထားသည်​။ထုံးစံအတိုင်းပဲသူမရဲ့ ၅နှစ်​အရွယ်​က​လေးအတွက်​အ​တော်​​လေးကိုကြီး​နေတဲ့ အိပ်​ခန်းထဲမှာအိပ်​ဖို့ပြင်​​နေတယ်​။Taeyeon က​တော့သူ့သမီးမအိပ်​မချင်း​ဘေးက​နေ​စောင့်​​ပေးတာ​ပေါ့။

တစ်​ခါတစ်​​လေမှာအ​ဖေဖြစ်သူကသမီး​အိပ်​​ပျော်​​အောင်​လို့အိပ်​ရာဝင်​ပုံပြင်​ဖတ်​ပြပြီးက​လေး​ချော့​တေး​တွေဆို​ပြတတ်​တယ်​။Taeyeon သူ့ရဲ့အိပ်​မ​ပျော်​တဲ့​ရောဂါကိုသမီးဖြစ်​သူဆီအ​မွေ​ပေးခဲ့မိတာကိုသတိရတယ်​။Seohyun မကြာခဏအိပ်​ရာဝင်​တာ​နောက်​ကျတတ်​တယ်​။နာရီလက်​တံသန်း​ခေါင်​မတိုင်​မချင်းအိပ်​မ​ပျော်​ဘူး။Taeyeon သူငယ်​ငယ်​တုန်းကလဲအခုလိုဖြစ်​ခဲ့တာ​ကြောင့်​သူ Seohyun ကိုအပြစ်​မတင်​ရက်​ဘူး။Seohyun ကတကယ့်​ကိုသူနဲ့ Miyoung ရဲ့ဗီဇ​တွေ​ပေါင်းစပ်​ပြီး​မွေးလာတာပါပဲ။သူ့မှာ Taeyeon အမူအကျင့်​​တွေသာမကပဲ Miyoung အမူအကျင့်​​တွေလည်းရှိ​နေသည်​။

Taeyeon ပုံမှန်​ဆိုရင်​အိပ်​မ​ပျော်​မချင်းမျက်​နှာကိုစိုက်​ကြည့်​တာတို့ သိုး​တွေကို​ရေတွက်​တာတို့လုပ်​​လေ့ရှိတယ်​။အဲ့လိုလုပ်​တာ​​တောင်​အိပ်​မ​ပျော်​​နိုင်​​သေးဘူးဆိုရင်​ Taeyeon ​လေးကကြိုးခုန်​တာတို့ အခန်းထဲလမ်း​ပတ်​​လျှောက်​တာတို့ ထိုင်​ထလုပ်​တာတို့ကိုပင်​ပန်းပြီးအိပ်​​ပျော်​မသွားမချင်းလုပ်​တတ်​သည်​။ပြောရရင်​​တော့ အဲ့​လောက်​အ​ခြေအ​နေထိ​တော့ Seohyun မ​ရောက်​​သေးဘူး။Miyoung ကစကားများပြီးအ​ကြောင်းပြချက်​မရှိပဲနဲ့ကို​ပျော်​​နေတတ်​တဲ့သူမျိုးပါ။ဒါ​ပေမယ့်​အဲ့ဒါက Seohyun ​လေး​မွေးမ​လာခင်​အထိပါပဲ။စိတ်​ပင်​ပန်းဆင်းရဲတာ​တွေက Miyoung ရဲ့စိတ်​ရင်းကိုမ​ကောင်းတဲ့အကျိုးသက်​​ရောက်​မှု​တွေ​ပေးတာပါ။

ဆက်​​ပြောရမယ်​ဆိုရင်​~Miyoung နဲ့​ပြောင်းပြန်​ပါပဲ။Taeyeon ကဘာသိဘာသာ​နေတတ်​ပြီးမလိုအပ်​ပဲစကား​တွေအများကြီးမ​ပြောတတ်​ဘူး။လူ​တွေအများနဲ့ပတ်​သက်​ရတာ သ​ဘောမကျလို့ သူငယ်​ချင်း​တွေအများကြီးထားဖို့လဲ သူစိတ်​မဝင်​စားဘူး။သူတို့က taeyeon ကိုနှလုံးသားမရှိဘူးလို့​ပြောကြ​ပေမယ့်​ Taeyeon ဂရုမစိုက်​ပါဘူး။ဘာလို့ဂရိုစိုက်​ရမှာလဲ သူတို့​ပြောသလို သူမမှာနှလုံးသား မရှိတာမှမဟုတ်​တာ။ဒါ​ပေမယ့်​အဲဒါ​တွေအကုန်​လုံး Miyoung သူမဘဝထဲကိုဝင်​လာချိန်​ကစပြီး​ပြောင်းလဲသွားတယ်​။ပြင်းပြတဲ့စိတ်​ဆန္ဒ~မ​လျှော့​သောဇွဲတို့နဲ့ Miyoung,Taeyeon ကာထားတဲ့တံတိုင်းထဲကို​တဖြည်းဖြည်း​ရောက်​လာတယ်​။တံတိုင်းပြိုကျပြီးပျက်​စီးသွားတဲ့အထိစိတ်​ရှည်​ရှည်​နဲ့ Miyoung ဖြိုဖျက်​​နေတယ်​။နောက်​ဆုံး​မှာ​တော့ အရမ်းကြီးမကြာခဲ့​ပေမယ့်​ Taeyeon ကသူမပိုင်​တဲ့အရာလို့​ Miyoung ​ကြွေး​ကြော်​နိုင်​ခဲ့တယ်​။

အဖြူ​ရောင်​မုသားWhere stories live. Discover now