I'm sorry

1.7K 152 14
                                    

"Hello Oppa!"
Tiffany Bluetooth ​လေးနားရွက်​မှာတပ်​ရင်း Changmin ဆီဖုန်းဆက်​လိုက်​သည်​။

"Yes~baby?အခုဘယ်​​ရောက်​​နေလဲ?​ဈေးဝယ်​တာပြီးပြီလား?ညစာစားဖို့ဘယ်​အချိန်​လာ​ခေါ်ရမှာလဲ?"
Changmin သူ့ချစ်​သူကို​မေးခွန်း​တွေဆက်​တိုက်​​မေးလိုက်​သည်​။

"Ah~အဲ့ဒါ​ပြောချင်​လို့ oppa ကိုဖုန်းဆက်​လိုက်​တာ!ကျွန်​မတို့ညစားစာဖို့ချိန်းထားတာကို cancel လုပ်​လိုက်​ရမယ်​ထင်​တယ်​~Oppa"
ဒီတစ်​ကြိမ်​နဲ့ဆိုရင်​သူမ Date လုပ်​တာ​တွေကို Cancel လုပ်​တာနှစ်​ခါရှိ​နေပြီ။ပထမတစ်​​ခေါက်​ကသူမ Taeyeon နဲ့ Seohyun ပြန်​​တွေ့တဲ့​နေ့က အခုလဲသူမမိသားစုနဲ့အချိန်​အတူကုန်​ဆုံးချင်​တာ​ကြောင့်​သူမထပ်​ပြီး cancel လုပ်​လိုက်​ပြန်​သည်​။

"Ehh~ဘာလို့လဲ တို့နှစ်​​ယောက်​​နောက်​ဆုံး​တွေ့တာတစ်​ပတ်​​လောက်​ရှိ​နေပြီ​လေ~Oppa ကိုမလွမ်းဘူးလား Baby?"
Changmin ဆီကစိတ်​ပျက်​​နေတဲ့အသံနဲ့ဝမ်းနည်း​နေတာကို Tiffany ခံစားမိ​ပေမယ့်​ဘုရားသခင်​က​ရွှေ​ရောင်​အခွင့်​အ​ရေး​ပေး​နေတာကိုသူမလက်​လွှတ်​ခံလို့မဖြစ်​ဘူး​လေ။သူမ Seohyun ကမ်းလှမ်းတာကိုမငြင်းပစ်​ရက်​ဘူး​လေ။သူမမိသားစုက သူမရည်းစားထပ်​အဓိပ္ပါယ်​အများကြီးပိုရှိတယ်​။

"ကျွန်​မသိပါတယ်​ Oppa အဲ့ဒါ​ကြောင့်​မို့လို့​တောင်းပန်​ပါတယ်​​လို့​ပြောတယ်​​လေ!ကျွန်​မလဲ Oppa ကိုသတိရတာ​ပေါ့~ဒါ​ပေမယ့်​ တကယ်​မရလို့ပါ။နောက်​ကျမှ Oppa အတွက်​သက်​သက်​အချိန်​​ပေးမယ်​​လေ"
Tiffany ​နောက်​တစ်​ကြိမ်​ထပ်​လိမ်​မိတဲ့အတွက်​သက်​ပြင်းချလိုက်​မိသည်​။

ပြီးခဲ့တဲ့ရက်​​တွေအတွင်း Taeyeon တစ်ေ​​ယာက်​ထဲအ​ကြောင်းကိုပဲစဉ်းစားမိ​နေတာကိုဘယ်​လိုလုပ်​သူမရည်းစားကိုလွမ်းမှာတဲ့လဲ။လွန်​ခဲ့တဲ့ ၄နှစ်​အတွင်း Taeyeon ဘယ်​လို​နေခဲ့သလဲ?အခု​ရောသူမဒီမှာဘာ​တွေလုပ်​​နေလဲ?သူမဘယ်​လိုလုပ်​ပြီး Director ဖြစ်​လာတာလဲ?သူမနဲ့. Taeyeon မိသားစု​တွေက​ရောဘယ်​လို​နေလဲ?သူတို့အခုဘယ်​မှာလဲ?Taeyeon အခုချစ်​သူရ​နေပြီလား?သူမထားခဲ့ပြီးတဲ့​နောက်​ Taeyeon ဆီမှာ Ex ​တွေဘယ်​နှစ်​​ယောက်​ရှိခဲ့ပြီလဲ?သူမသမီး​လေး Seohyun က​ရောဘယ်​လို​နေလဲ?Taeyeon သူမအ​ကြောင်း Seohyun ကိုဘယ်​လို​ပြောထားလဲ?Seohyun သူ့​အ​မေသူမကိုရက်​ရက်​စက်​စက်​ပစ်​ထားခဲ့တယ်​ဆိုတဲ့အမှန်​တရားကိုသိ​နေလား?ဒါမှမဟုတ်​ Taeyeon သူ့သမီးကိုမိခင်​ဖြစ်​သူဆုံးသွားတယ်​လို့ပဲ​ပြောထားလား~သူမ Taeyeon တို့နဲ့​တွေ့ခဲ့တဲ့ ​နေ့ကထဲကအဲ့ဒီ​မေးခွန်း​တွေသူမ​ခေါင်းထဲ​ပေါ်​ပေါ်လာတယ်​~ဒါ​ပေမယ့်​အဲ့ဒီ​မေးခွန်း​တွေရဲ့အ​ဖြေကိုသူမမသိဘူး!အဲ့ဒါ​ကြောင့်​မို့လို့ သူမသိချင်​တာ​တွေသိရ​အောင်​လို့Taeyeon အနားကိုတတ်​နိုင်​သမျှနီးစပ်​​အောင်​လုပ်​ရမယ်​။ကံ​ကောင်းစွာနဲ့ပဲ သူမသမီးဖြစ်​သူကသူမကိုခင်​မင်​​နေတာကိုသူမအစီအစဉ်​ကိုလွယ်​ကူ​အောင်​​လုပ်​​ပေး​နေသလိုပါပဲ။

အဖြူ​ရောင်​မုသားHikayelerin yaşadığı yer. Şimdi keşfedin