Unexpected[Part-1]

2.2K 183 27
                                    

မျက်နှာ​ပေါ်ဖြာကျ​နေတဲ့ နံနက်​ခင်းရဲ့​နေ​ရောင်​အတူ Tiffany နိုးလာ၏။မ​နေ့ညက ဖြစ်​ပျက်​ခဲ့သမျှအရာအားလုံးဟာ အိမ်​မက်​တစ်​ခုဖြစ်​​နေမှာကိုသူမစိုးထိတ်​​နေသည်​။

"အိမ်​မက်​လား?အာ့ဆို ငါမ​နေ့ညတုန်းက ဘယ်​သူနဲ့အတူရှိခဲ့တာပါလိမ့်​?"

အခန်းထဲကိုမျက်စိကစားလိုက်​​တော့ ​​​နံရံ​ပေါ်မှာချိတ်​ဆွဲထားတဲ့ Taeyeon ဓာတ်​ပုံကိုမြင်​ကာမှပဲ သူမရင်​ထဲကအလုံးကြီးကျသွား၏။သူမ Taeyeon နဲ့ဖြစ်​ခဲ့တာကအိမ်​မက်​တစ်​ခုမဟုတ်​ခဲ့ဘူးပဲ

ကြမ်းပြင်​​ပေါ်မှာဟိုတစ်စဒီတစ်စ​​ပြန့်​ကြဲ​နေ​တဲ့ သူမအဝတ်​အစား​တွေကိုမြင်​ပြီးရှက်​​နေ၏။Tiffany မတ်​တပ်​ထရပ်​​တော့ ခန္ဓာကိုယ်​ရဲ့အစိတ်​အပိုင်းတစ်​ချို့ကနာကျင်​​နေသလိုခံစားလိုက်​ရသည်​။
သူမ​ဖြေး​ဖြေးချင်း ဧည့်​ခန်းဆီသို့​လျှောက်​လာ၏

"Good Morning!​နေဦး...Good Afternoon ဆိုပိုသင့်​​တော်​မယ်
ထင်​တယ်​~​နေ့လည်​​တောင်​​ရောက်​​နေပြီပဲ​လေ"

ဧည့်​ခန်းထဲမှာ tv ထိုင်​ကြည့်​​နေတဲ့ Taeyeon သူမကိုမြင်​​တော့နှုတ်​ဆက်​သည်

"ဘယ်​နှစ်​နာရီရှိ​နေပြီလဲ?"

"11 နာရီထိုး​တော့မယ်​!နင်​​ကောင်း​ကောင်း
အိပ်​​ပျော်​​နေတာပဲ"

"အင်း"

"ဗိုက်​ဆာ​နေပြီ​ပေါ့?ဒီမှာခဏ​စောင့်​~ငါနင့်​အတွက်​မနက်​စာပြင်​​ပေးထားတယ်​"

Taeyeon မီးဖိုခန်းထဲကိုဝင်​သွားပြီး ၅ မိနစ်​ခန့်​အကြာမှာပြန်​ထွက်​လာ၏

"ကြာသွားရင်​ Sorry ​နော်​!ပြန်​​နွေး​နေရလို့!ဒါစားလို့ဖြစ်​တယ်​မလား?Seohyun ကဒါ​လုပ်​​ပေးဖို့​ပြောလို့ပါ~သူ့အကြိုက်​ဆုံး​လေ"

"Kimchi ထမင်း​ကြော်​!!"

"ဟုတ်​တယ်​~Kimchi ထမင်း​ကြော်​!"

Tiffany အမြန်​ပဲဇွန်း​လေး​ကောက်​ယူပြီး ထမင်း​ကြော်​ကိုစားသည်​။မျက်​လုံး​လေးကိုအသာ​လေးမှိတ်​ပြီး Taeyeon ရဲ့လက်​ရာကိုအရသာခံ​နေ၏။၎ ဇွန်း​မြောက်​မှာ​တော့ Tiffany မျက်​လုံးထဲက​နေ မျက်​ရည်​​တွေစီးဆင်းလာ၏။

အဖြူ​ရောင်​မုသားDonde viven las historias. Descúbrelo ahora