Dear End[Part-2]

1.6K 133 6
                                    

Tiffany သူမရဲ့က​လေးဘဝအ​ကြောင်း Yuri ကို​ပြောပြသည်​။သူမအချစ်​ဆုံးမိန်း က​လေးကို​စ​တွေ့ခဲ့တဲ့​နေရာ...သူငယ်​ချင်း အချစ်​က​နေ​ပြောင်းလဲသွားပြီး သူမဘဝရဲ့အချစ်​ဖြစ်​တဲ့ အဲ့ဒီမိန်းက​လေးကိုလက်​ထပ်​ခဲ့တဲ့အ​ကြောင်းကို​ပြောပြသည်​။ပြီး​တော့ သူမနာမည်​အရင်း က Hwang Miyoung ဆိုတာပါ​ပြောပြ၏။Tiffany သူမနဲ့သူမ​ယောကျာ်း တို့ရဲ့မျိုး​စေ့နဲ့ သူမငယ်​ငယ်​တုန်းက ​ချစ်​စရာ​ကောင်းတဲ့သမီး​လေး​တစ်​​ယောက်​​မွေးခဲ့ဖူးတယ်​ဆိုတာကို​ပြော​တော့ Yuri တစ်​​ယောက်​ပါးစပ်​အေ​ဟောင်းသားဖြစ်​သွား၏

သူမတို့နှစ်​​ယောက်​မှာဘာပိုင်​ဆိုင်​မှုမှမရှိ​ပေမယ့်​ ဘုရားသခင်​က က​လေးတစ်​​ယောက်​​ပေးသနားခဲ့တဲ့အ​ကြောင်း~ဒါ​ပေမယ့်​ Tiffany သူမမိသားစုကိုပစ်​ထားတဲ့ဖို့​ရွေးချယ်​ခဲ့တဲ့ အပိုင်းကို​ရောက်​​လာခဲ့သည်​​။သူမရဲ့တစ်​ကိုယ်​ဆန်​တဲ့အိပ်​မက်​​ကြောင့်​ ချစ်​ရသူ​တွေကိုစွန့်​ပစ်​ခဲ့တဲ့အပိုင်း​ပေါ့...မျက်​ရည်​စ​တွေ​ကြောင့်​ Tiffany မျက်​နှာတစ်​ခုလုံးရွဲဆို​နေ၏။Yuri မျက်​နှာကလဲစိတ်​တိုတဲ့မျက်​နှာက​နေ စိတ်​ပူတဲ့မျက်​နှာအဖြစ်​​ပြောင်းသွားသည်

"အဲ့ဒါ ငါလုပ်​ခဲ့မိတဲ့အကြီးဆုံးအမှားပဲ..Yul!ဒါ​ပေမယ့်​လဲ အချိန်​ကို​နောက်​ပြန်​လှည့်​ပြီး ငါ့မိသားစုအ​ပေါ်မှာငါလုပ်​ခဲ့တဲ့အပြစ်​​တွေကို​ပြေ​အောင်​လုပ်​လို့မရ​​တော့ဘူး​လေ"

"Shooosh...မငိုနဲ့​တော့..Tiff!နင်​​ပြောတာမှန်​တယ်​​လေ..အချိန်​ကို​နောက်​ပြန်​လှည့်​ခိုင်းလို့မရ​တော့ဘူးဆိုတာ..ဒါ​​ပေမယ့်​လဲ နင်​လုပ်​ခဲ့တဲ့အမှား​တွေကိုပြန်​ပြင်​လို့မရ​တော့ဘူးလို့ ဘယ်​သူ​ပြောလဲ?"

Yuri,Tiffany ကိုဆူမလို့လုပ်​​နေတဲ့စိတ်​ကို​ပြောင်းလိုက်​၏။

"ဒါ​ပေမယ့်​လဲ ဒီလိုအပြစ်​ရှိတဲ့ဟန်​​ဆောင်တာကိုတစ်​သက်​လုံးဖုံးထားလို့်မရဘူးဆိုတာ အမှတ်​ရပါ..Tiff!တစ်​​နေ့ကျရင်​ နင်​အ​ကြောင်း​တွေကိုသူသိသွားမှာပဲ​လေ..အဲ့ဒါကိုနင်​ဘယ်​လိုမှတားလို့မရဘူး"

အဖြူ​ရောင်​မုသားDove le storie prendono vita. Scoprilo ora