စတင်​ခြင်း[Part-2]

1.6K 133 4
                                    

*​Knock knock*

"ခဏ​စောင့်​ငါတံခါးသွားဖွင့်​လိုက်​ဦးမယ်​~ပြီး​တော့ No ဆိုလုံးဝ No ပဲ​နော်​~ငါက Normal ပဲ!အာ့​ကြောင့်​ဒီကိစ္စဒီမှာတင်​ရပ်​"
Yuri တံခါးဆီ​လျှောက်​သွားပြီး ဖွင့်​​ပေးလိုက်​၏

"Ummm....Hi!ကျွန်​မ Tiffany နဲ့စကား​လေး​ပြောလို့ရလား?"
Tiffany အချစ်​ဆုံးအမျိုးသမီးတံခါး​ရှေ့မှာရပ်​​နေသည်​။

"Ohh,ရပါတယ်​~ဝင်​ခဲ့​လေ!ကျွန်​မအပြင်​ထွက်​​ပေးပါ့မယ်​!နားချိန်​ပြီးဖို့ကလဲ ၁၅ မိနစ်​​လောက်​လိုပါ​သေးတယ်​​လေ"
Yuri ဦးညွတ်​နှုတ်​ဆက်​ပြီး အခန်းထဲ​နေထွက်​​သွားသည်​။

"Hi..Fany!ကျွန်​မထိုင်​လို့ရလား"
Taeyeon တံခါးပိတ်​လိုက်​ပြီး မင်းသမီးအနားကိုကပ်​သွားသည်​။

"ရပါတယ်​...ထိုင်​ပါ"
Tiffany စိတ်​လှုပ်​ရှားစွာနဲ့​ဖြေသည်​~အဆူခံရဖို့အသင့်​​ပြင်​​နေသည်​။

"ကျွန်​မ ​တောင်းပန်​ပါတယ်​ Tae!ကျွန်​မ အာရုံစိုက်​လို့မရဖြစ်​​နေလို့ပါ"

"ရပါတယ်​~စိတ်​ထဲမထားပါနဲ့"
Taeyeon နှစ်​လိုဖွယ်​​ကောင်းတဲ့အပြုံးနဲ့ပြုံးပြပြီးအသာ အယာပဲ​ဖြေသည်​။

"ဒါနဲ့ရှင်​ဘာ​တွေဖြစ်​​နေတာလဲ?ရှင်​စိတ်​ညစ်​​နေတဲ့ပုံ​ပေါက်​​နေတာ​တွေ့လို့​လေ~အဆင်​​ပြေရဲ့လား?"
Taeyeon ပူပင်​စွာနဲ့​မေးသည်​။

သူမတကယ်​​တော့ သူငယ်​​ချင်း​ကောင်းတစ်​​ယောက်​အ​နေနဲ့​ရောပြီး​တော့တာဝန်​သိတတ်​တဲ့ Director ပီသစွာနဲ့သူ့ရဲ့မင်းသမီးကိုဂရုစိုက်​​ပေး​နေတာပါ။ဘာမှလဲမပိုသလို ဘာမှမ​လျော့ပါဘူး!ဒါ​ပေမယ့်​ Tiffany သရုပ်​​ဆောင်​တာညံ့​​နေတာကိုဆူမယ့်​အစား Taeyeon ကဘာ​တွေဖြစ်​​နေတာလဲလို့​မေးတာက Tiffany ကိုနတ်​ပြည်​​ရောက်​​အောင်​ပို့လိုက်​သလိုပါပဲ~သူ​ပျော်​သွားတယ်​!Tiffany ထင်​​နေတာက Taeyeon သူ့အ​ပေါ်မှာခံစားချက်​​တွေရှိလို့သူ့ကိုအ​လေးထားပြီး​မေး​နေတယ်​ထင်​​နေတာ!

"နှလုံးသားပြဿနာပါ Tae!ဒါ​ပေမယ့်​ စိတ်​မပူပါနဲ့!ကျွန်​မ အခုအဆင်​​ပြေသွားပြီ"
Tiffany,Taeyeon သူ့ကို​နောက်​ထပ်​​မေးခွန်း​တွေ​မေး​အောင်​လို့ Hint ​လေး​ပေးရင်း​ဖြေသည်​။

အဖြူ​ရောင်​မုသားNơi câu chuyện tồn tại. Hãy khám phá bây giờ