Loving You[Part-1]

2K 146 8
                                    

"Daddy..Hyunnie အ​မေကိုစိတ်​ပျက်​​အောင်​လုပ်​ခဲ့မိသလို အခုလဲ Hyunnie စိတ်​ပျက်​​အောင်​လုပ်​မိပြန်​ပြီ​နော်​..Daddy ကဘယ်​လိုလူပါလိမ့်​??Daddy အချစ်​ဆုံးလူနှစ်​​ယောက်​ကိုစိတ်​ပျက်​​အောင်​လုပ်​မိတဲ့လူပါလား..Daddy ကိုခွင့်​လွှတ်​​ပေးပါ..Hyunnie ရ~Daddy က Hyunnie အတွက်​ဖခင်​​ကောင်းမဖြစ်​ခဲ့ဘူး"

Taeyeon တီးတိုး​ပြော​နေ၏။မျက်​ရည်​စက်​​လေး​တွေ သူမျက်​ဝန်း​တွေက​နေထွက်​ကျလာ၏

"Nghhh...Daddy?"

Seohyun မျက်​လုံး​လေး​တွေ​ဖြေး​ဖြေးချင်းပွင့်​လာသည်​။သူမ​ခေါင်း​လေး​မော့ကြည့်​​တော့ သူမအချစ်​ဆုံးသူ သူမကိုကြည့်​​နေတာကိုမြင်​လိုက်​ရ၏

"Uhmm..Hey..နိုးလာပြီလား??အိပ်​ရတာဘယ်​လိုလဲ?ဗိုက်​ဆာ​နေပြီလား??"

Seohyun မမြင်​​အောင်​လို့ Taeyeon သူ့မျက်​နှာ​ပေါ်ကမျက်​ရည်​​တွေကိုအမြန်​သုတ်​ပစ်​လိုက်​သည်

"Daddy..Hyunnie ​တောင်းပန်​ပါတယ်​!
Hyunnie,Daddy ရှက်​​အောင်​လုပ်​မိတယ်​~Hyunnie က Daddy ချစ်​တာနဲ့မတန်​ပါဘူး 😢"

Seohyun ရုတ်​တရက်​ ​နေ့လည်​ကဖြစ်​ပျက်​ခဲ့သမျှ​တွေကိုသတိရသွား၏။သူမ အတန်း​ဖော်​​တွေ သူမမိဘကိုင​ကြောင်​လို့​ခေါ်တာ​တွေ ထိုအုပ်​စုကိုလက်​သီးနဲ့ထိုးခဲ့တာ​တွေကိုပြန်​အမှတ်​ရသွားသည်​။Seohyun မြန်​မြန်​ပဲ သူမဖခင်​​ဘေးနာမှာထိုင်​လိုက်​၏။အမှန်​အတိုင်း​ပြောရရင်​ သူမဖခင်​​ရဲ့ပေါင်​​ပေါ်မှာထိုင်​ချင်​တာပါ..ဒါ​ပေမယ့်​ သူမခွင့်​မလွှတ်​သင့်​တဲ့ အမှားကိုကျူးလွန်​ခဲ့မိတာကိုသိပြီး ကိုယ့်​အပြစ်​ကိုယ်​သိကာ
သူမဖခင်​နဲ့ခပ်​လှမ်းလှမ်းမှာထိုင်​ရှာ၏

"ရပါပြီ...Daddy,Hyunnie ကိုစိတ်​မဆိုး​တော့ပါဘူး..အနားကိုလာပါ!ငါ့သမီး​လေးကိုအရမ်းလွမ်း​နေတာ"

Taeyeon ​ပေါင်​ကိုပုတ်​ပြပြီး Seohyun ကိုထိုင်​​စေ၏။ကောင်​မ​လေး တွန့်​ဆုပ်​တွန့်​ဆုပ်​​နဲ့ ဖခင်​ရဲ့​ပေါင်​​ပေါ်တက်​ထိုင်​သည်

"Aigoo...ငါ့ baby ​လေးကအရမ်းကို​လေးလာတာပဲ"

"Daddy......"

အဖြူ​ရောင်​မုသားWhere stories live. Discover now