On&On[Part-2]

1.9K 136 8
                                    

Taeyeon အခုသူထိုင်​​ရမယ့်​ထိုင်​ခုံမှာ Sooyoung နဲ့အတူထိုင်​​နေ၏။Taeyeon အတွက်​စိတ်​မ​ကောင်း
ဖြစ်​ရတာက သူကဖခင်​အတွက်​ရည်​ရွယ်​တဲ့ထိုင်​ခုံမှာထိုင်​​နေရတာဖြစ်​ပြီး Sooyoung ကမိခင်​​နေရာမှာထိုင်​​နေရ
ခြင်းဖြစ်​လို့ပါ~Taeyeon အ​တွေးကို Sooyoung စဉ်းစားမိပြီး Taeyeon ​ပျော်​​အောင်​​ပြော​နေ၏။တကယ်​လို့ Taeyeon သာ သူမကို Miyoung ​နေရာအစားထိုးခွင့်​​ပေးမယ်​ဆိုရင်​ သူမက Seohyun အတွက်​ မိခင်​​ကောင်းတစ်​​ယောက်​ဖြစ်​​ပေးနိုင်​တဲ့ဆိုပြီး ​နောက်​​နေ၏။
Taeyeon ရယ်​လိုက်​ပြီး ​ခေါင်း​လေးခါရုံပဲတတ်​နိုင်​သည်​။ဒါ​ပေမယ့်​ တိတ်​ဆိတ်​စွာနဲ့ Sooyoung သူ့ရဲ့အ​တွေး​တွေကိုသိ​နေတာကို ​ကျေးဇူးတင်​​နေသည်

ပွဲပြီးသွား​တော့ မိသားစုနဲ့အတူ​နေ့လည်​စာစားပြီးတာနဲ့ Taeyeon ရိုက်​ကွင်းတည်​​နေရာကိုတန်းသွားသည်​။သူ Sooyoung နဲ့ Seohyun ကိုတိုက်​ခန်းအရင်​လိုက်​ပို့​ပေးပြီး သမီးလိုအပ်​တာတစ်​ခုခုရှိရင်​ဝယ်​​ပေးလိုက်​ဖို့ Sooyoung လက်​ထဲပိုက်​ဆံတစ်​ထပ်​လိုက်​ကြီး ထည့်​​ပေးခဲ့သည်

ရိုက်​ကွင်းမှာ​တော့ Taeyeon နဲ့ Tiffany က Professional ဆန်​ဆန်​ပဲဆက်​ဆံကြသည်​​။Tiffany ဘယ်​​လောက်​ပဲ Taeyeon ကိုဖက်​ပြီး Gossip Channel ကသတင်း​တွေအ​ကြောင်းရှင်း
ပြချင်​​ပေမယ့်​လဲ သူမလုပ်​လို့မရဘူးဆိုတာ သူမသိ​နေ၏။Taeyeon ကဘာမှမဖြစ်​သလိုပဲ​နေ​နေသည်​။အားလပ်​ချိန်​မှာ​တော့ Tiffany message တစ်​​စောင်​ပို့ကာ အ​ခြေအ​နေကိုအတိုချုပ်​ရှင်းပြ၏။
Taeyeon က​တော့ သူအဆင်​​ပြေတဲ့အ​ကြောင်း ရိုးရိုး​လေးပဲ reply လုပ်​သည်​။အပြစ်​ရှိတဲ့ခံစားချက်​က​ပျောက်​ကွယ်​မသွားပဲ Tiffany သူမ​နောက်​တစ်​ခါကြိုးစားကြည့်​ဖို့ လိုတယ်​လို့ခံစားမိ​နေ၏

"နင်​ဘာလုပ်​​နေတာလဲ??အဖွဲ့သား​တွေငါတို့ကိုမြင်​သွားရင်​ဘယ်​လိုလုပ်​မလဲ?"

Taeyeon ရုတ်​တရက်​ toilet ထဲကအခန်းတစ်​ခန်း​ထဲကို Tiffany ဆွဲ​ခေါ်တာခံလိုက်​ရ၏။အားလပ်​ချိန်​စကထဲက Tiffany သူ့​နောက်​လိုက်​​နေတာကို သူသတိမထားမိလိုက်​ဘူး

"ငါဂရုမစိုက်​ဘူး!ဘာ​တွေဖြစ်​လဲဆိုတာ ငါရှင်းပြဖို့လိုတယ်~ဘာလို့လဲဆို​တော့ နင်​မြင်​လိုက်​တဲ့ TV ထဲကဟာက ငါမဟုတ်​လို့ပဲ~ငါ​ပြောရတာ..ဘာ...."

အဖြူ​ရောင်​မုသားKde žijí příběhy. Začni objevovat