Falling In Love With her[Part-1]

1.8K 146 5
                                    

မိုး​တွေရွာ​နေတဲ့ညတစ်​ည။Seohyun က​တော့ဖခင်​နဲ့ကာတွန်းအတူတူကြည့်​ပြီးတဲ့​နောက်​ အိပ်​ခန်းထဲမှာနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​မောကြ​နေ၏။Taeyeon က​တော့ သူ့အခန်းထဲကကုတင်​​ပေါ်မှာပဲ ဝတ္ထုထိုင်​ဖတ်​​နေသည်​​။ထိုစဉ်​ တစ်​စုံတစ်​​ယောက်က​သူတို့တိုက်​ခန်းတံခါးကို​ခေါက်​သံကြားလိုက်​ရသည်​။

"ဘယ်​သူများလဲ?သန်း​ခေါင်​​တောင်​တိုင်​​တော့မယ်​"

ကုတင်​​ပေါ်ကမထ​သေးပဲ အသံကိုနားစွင့်​​နေတုန်း ထပ်​ပြီး​ခေါက်​သံကြားလိုက်​ရ၏

"Okay!မ​ကောင်းတဲ့လူမဟုတ်​ပါ​စေနဲ့ဆု​တောင်းရမှာပဲ!သတိထားရမယ်​"

ယခုလိုအချိန်​မျိုး​တွေအတွက်​သူ​ဆောင်​ထား​သော Baseball တုတ်​တံကို Taeyeon ​ကောက်​ယူလိုက်​သည်​။ထို့​နောက်​ အ​ရှေ့တံခါးကို​လျှောက်​သွားပြီး
ဖြေး​ဖြေးချင်းသတိထားပြီးတံခါးဖွင့်​ကြည့်​သည်

"ဗုဒ္ဓမြတ်​စွာဘုရား!နင်​ဒီအချိန်​ကြီးဘာလုပ်​တာလဲဟ?အထဲဝင်​ခဲ့​လေ"

Taeyeon တုတ်​တံကို​ဘေးချပစ်​လိုက်​ပြီး
မိုး​ရေ​တွေစိုရွှဲ​နေတဲ့ Tiffany ကိုအထဲ​ခေါ်သွင်းသည်

"ဒီမှာခဏ​စောင့်​​နော်​!ငါနင့်​အတွက်​​ရေချိုးဖို့​နွေးပူပူ​လေးစပ်​​ပေးမယ်​"

Taeyeon~towel တစ်​ထည်​ကမ်း​ပေးလိုက်​သည်

"ငါ​တောင်းပန်​ပါတယ်​"

Tiffany ​မျက်​နှာ ​အောက်​ကိုငုံ့ထားပြီး​ပြောသည်​။သူမကိုကြည့်​ရတာ စိတ်​အရမ်း
ညစ်​​နေတဲ့ပုံပဲ

"ဒီလိုအချိန်​ကြီး ဘာ​ကြောင့်​နင်​ဒီလိုပုံနဲ့ဒီကို​ရောက်​လာတယ်​ဆိုတာ​တော့ ငါမသိဘူး!ဒါ​ပေမယ့်​ နင်​ဘာမှမဖြစ်​တာကိုငါဝမ်းသာပါတယ်​~နင်​ဒီကိုကား​မောင်းလာတာလား?ငါ​တော့မဟုတ်​​လောက်​ဘူးထင်​တယ်​!​ကားယူလာရင်​ ဒီလိုစိုရွှဲ​နေမှာမဟုတ်​ဘူး"

Taeyeon ~ towel အ​သေး​လေးနဲ့ Tiffany ​ခေါင်း​ပေါ်ကမိုး​ရေ​တွေကိုသုတ်​​ပေးသည်

"နင်​ဘာပဲ​ပြောချင်​​နေပါ​စေ~​ရေချိုးပြီးတဲ့အချိန်​ထိ​စောင့်​လိုက်​ဦး​နော်​!ဟုတ်​ပြီလား??"

အဖြူ​ရောင်​မုသားOnde histórias criam vida. Descubra agora