Some things changed but some couldn't

1.6K 156 19
                                    

"Hyunnie ​ရေ!ညစာအဆင်​သင့်​ဖြစ်​ပြီ။Daddy,Hyunnie အကြိုက်​ဆုံးဟင်းချက်​ထားတယ်​"
Taeyeon မီးဖိုခန်းထဲက​နေသမီးဖြစ်​သူကိုလှမ်း​အော်​လိုက်​သည်​။

"Hyunnie ​ဖေ​ဖေဆီသွားရ​အောင်​​နော်​"
Tiffany သမီးဖြစ်​သူကိုမလွှတ်​ချင်​ပဲလွှတ်​လိုက်​ပြီး ထမင်းစားခန်းထဲသို့ချီလာခဲ့သည်​။Seohyunရဲ့ရှိုက်
သံ​လေးကအခုထိကြား​နေရတုန်းပဲ။

"Daddy"
သူမအ​ဖေကို​တွေ့တာနဲ့ Seohyun သူမလက်​​လေး​တွေကိုအ​ဖေဖြစ်​သူဆီဆန့်​တန်းလိုက်​သည်​။

"Aigoo,Hyunnie ရ!ဘာလို့ငို​နေတာလဲ?"
Taeyeon သမီးနားအလျင်​အမြန်​ကပ်​လာပြီး Tiffany လက်​ထဲ​က​နေ​ပွေ့ချီလိုက်​၏။

"​မေ​မေ့ကိုလွမ်းလို့ပါ"
Taeyeon ရင်​ခွင်​ထဲ​ခေါင်း​လေးတိုးပြီး Seohyun ​ဖြေလိုက်​သည်​။

"ဘာဖြစ်​ကြတာလဲ"
Seohyun ​ကျောကိုအသာ​လေးပုတ်​​ပေး​နေရင်း Tiffany ကို Taeyeon တိတ်​တိတ်​​လေး​မေးလိုက်​သည်​။

"သူကျွန်​မကိုဓာတ်​ပုံ albumပြခဲ့တယ်​"
Tiffany တိတ်​တိတ်​​လေးပြန်​​ဖြေလိုက်​သည်​။Taeyeon နားလည်​​ကြောင်း​ခေါင်း​လေးအသာငြိမ့်​ပြလိုက်​ပြီးသူမ​ဘေးကထိုင်​ခုံမှာသမီးဖြစ်​သူကိုထိုင်​ခိုင်းလိုက်​သည်​။Seohyun စိတ်​မပါတပါနဲ့အ​ဖေဖြစ်​သူကိုဖက်​ထားတာလွှတ်​လိုက်​ပြီးခုံေ​လး​ပေါ်ထိုင်​လိုက်​သည်​။

Taeyeon ဓာတ်​ပုံစာအုပ်​ကိုဖွင့်​ကြည့်​တိုင်းဘာဖြစ်​မလဲဆိုတာသိ​နေသည်​။Seohyun သူမတစ်​ခါမှမမြင်​ဖူးလိုက်​တဲ့အ​မေဖြစ်သူ Miyoung ကိုသတိရပြီးသူမအိပ်​​ပျော်​သွားတဲ့အထိငို​တတ်​တဲ့အကျင့်​ရှိတာကို Taeyeon သိ​နေသည်​။Seohyun သူမကို Miyoung ဓာတ်​ပုံ​ပြဖို့ဘယ်​​လောက်​​တောင်​​တောင်းပန်​ခဲ့လဲဆိုတာ Taeyeon မှတ်​မိ​နေတယ်​။ပြီး​တော့သူနဲ့သူအ​မေဖြစ်​သူနဲ့တူလားဆိုတဲ့​မေးခွန်းကိုလဲမကြာခဏ​မေးတတ်​သည်​။

တကယ်​​တော့ Taeyeon တမင်​သက်​သက်​ Miyoung ပုံ​တွေကိုမပြတာပါ။တကယ်​လို့များတစ်​​နေ့ကျရင်​ Seohyun,Tiffany ကိုတွေ့သွားခဲ့ရင်​ဆိုပြီးသူမ​ကြောက်​​နေတာပါ။သူမသမီး​လေးကိုသူမခံစားခဲ့ရသလိုမျိုးကြုံ​တွေ့ခဲ့ရသလိုမျိုးမကြုံ​တွေ့​စေချင်​လို့ပါ။တကယ့်​ဖြစ်​ရပ်​ကိုသိပြီး သမီးဖြစ်​သူခံစားရမှာထက်​စာရင်​သူမအ​မေကိုမသိတာပဲပို​ကောင်းမယ်​လို့ Taeyeon ယူဆတယ်​။သူမအတ္တ​ကြောင့်​မိခင်​ဖြစ်​သူသူမကိုထားပစ်​ခဲ့တယ်​ဆိုတဲ့ဖြစ်​ရပ်​မှန်​ကိုလဲ Taeyeon ဘယ်​​တော့မှထုတ်​​ပြောဖို့မရည်​ရွယ်​ဘူး။Seohyun သူ့အ​မေကိုမုန်း​နေမှာကိုလဲ Taeyeon မလိုချင်​ဘူး။Miyoung တစ်​​ယောက်​​ကြောင့်​ခံစားရတာ သူမတစ်​​ယောက်​ထဲဆိုလုံ​လောက်​ပြီလို့ Taeyeon ထင်​​တယ်​။Seohyun ​လေးအဲ့​လို​တွေခံစားရမှာကိုလုံးဝမလိုလားလို့ပါ။

အဖြူ​ရောင်​မုသားWhere stories live. Discover now