I will make you mine again,Kim

2.1K 166 17
                                    

Tiffany အသက်​ရှူသံ​တွေပုံမှန်​မဟုတ်​​တော့သလိုသူမခန္ဓာကိုယ်​ဟာ​လဲတုန်​ရီ​နေသည်​။သူမရဲ့အားမရှိတဲ့ခန္ဓာကိုယ်​​ကိုသန့်​စင်​ခန်းနံရံမှာမှီထား​လေးရဲ့။

Tiffany သူမရဲ့ယိုင်​တိယိုင်​တိုင်​​ခြေ​ထောက်​​တွေနဲ့မှန်​​ရှေ့မှာရပ်​လိုက်​သည်​။သူမရဲ့မူလအတိုင်းမဟုတ်​​တော့တဲ့မျက်​နှာကိုအသာ​လေးကိုင်​လိုက်​​ချိန်​မှာ​တော့သူမမျက်​ဝန်းညိုညို​တွေက​နေမျက်​ရည်​​တွေစီးကျေ​နတာကို​တွေ့လိုက်​သည်​။Tiffany ဒီလို​နေ့မျိုးကိုမြန်​မြန်​​ရောက်​လာမယ်​လို့မ​မျှော်​လင့်​ခဲ့ဘူး သူမခင်​ပွန်းကိုပြန်​​တွေ့ရမယ့်​​နေ့ သူမအရမ်းကိုချစ်​ခဲ့ဖူးတဲ့အခုလဲချစ်​​နေဆဲဖြစ်​တဲ့သူမခင်​ပွန်း~Taeyeon ရဲ့နူးညံ့တဲ့မျက်​ဝန်း​တွေကိုကြည့်​လိုက်​မိတိုင်း အခုထိသူ့နလုံးသားကဝုန်းဒိုင်းကြဲ​အောင်​ခုန်​​နေဆဲဆိုတာကိုခံစားမိ​နေတယ်​။

Taeyeon သူမကိုတကယ်​ပဲမသိချင်​​ယောင်​​ဆောင်​​နေတာလား ဒါမှမဟုတ်​သူမတကယ်​ပဲ Tiffany ကြိ​မေ့သွားပြီလားဆိုတာသူမ​ဝေခွဲလို့မရဘူး။သူမနာမည်​ကို Miyoung က​နေ Tiffany လို့​ပြောင်းထားတဲလအတွက်​ Taeyeon မမှတ်​မိဘူးဆိုရင်​လဲလက်​ခံသင့်​တဲ့အရာတစ်​ခုပဲ။နာမည်​သာမကTiffany အခုဒီလိုပြီးပြည့်​စုံတဲ့အလှအပအတွက်​နာကျင်​စရာဖြစ်​ရပ်​​လေးတစ်​ခုကို​ကျော်​ဖြတ်​ခဲ့ရသည်​။သူမနှာ​ခေါင်း ​မေးရိုး မျက်​လုံးတို့ကိုပလက်​စတစ်​ဆာဂျရီလုပ်​ပစ်​ခဲ့ရသည်​။

သူမရဲ့အုပ်​ထိန်းသူဖြစ်​တဲ့ Seo Inyoung ကသူမကို​အောင်​မြင်​တဲ့မင်းသမီးဘဝကိုတစ်​ထစ်​ခြင်းပို့​ပေးခဲ့သလို​ကျော်​ကြားမှုကိုဘယ်​လိုထိန်းသိမ်းရမလဲဆိုတာပါလမ်းညွှန်​​ပေးခဲ့သည်​။ပြီးခဲ့တဲ့၎နှစ်​အတွင်းမှာသူမ​နောက်​ပြန်​ဆုတ်​လို့မရ​တော့ဘူးဆိုတာနဲ့ရွာမှာကျန်​ခဲ့တဲ့သူမမိသားစုကိုပြန်​​တွေ့လို့မရဘူးဆိုတာသိလိုက်​ရသည်​။Tiffany ​မေ့ပစ်​ဖို့ကိုသင်​ယူခဲ့ပြီး​ရှေ့ဆက်​​လျှောက်​ခဲ့သည်​။Seo Inyoung ​ပြောတဲ့သူမလုပ်​နိုင်​တဲ့တစ်​ခုတည်း​သောအရာကသူမမိသားစုစားဝတ်​​နေ​ရေးအတွက်​လုံ​လောက်​ပြီးပိုလျှံ​ငွေပို့​ပေးဖို့ပါပဲ။Tiffany ဘယ်​လိုပဲသတင်းစာရှင်းလင်းပွဲ​တွေမှာသူမရဲ့​နောက်​ခံကို​ပြောပြ​ချင်​​ပေမယ့်​လဲ သူမမလုပ်​နိုင်​ခဲ့ဘူး။ဘာလို့လဲဆို​တော့အဲ့လိုလုပ်​လိုက်​မယ်​ဆိုရင်​သူမအခုချိန်​ထိအရာအားလုံးကိုစွန့်​လွှတ်​ပြီးကြိုးစားခဲ့သမမျှအလကားဖြစ်​သွားနိုင်​ပြီးသူမနာမည်​ဟာလဲ​မြောင်းထဲကျသွားနိုင်​လို့ပဲ။

အဖြူ​ရောင်​မုသားOù les histoires vivent. Découvrez maintenant