Showcase

1.6K 157 12
                                    

"Daddy ထ​တော့~ထ​တော့လို့"

"5 မိနစ်​​လေးပဲအိပ်​ပါရ​စေ~Hyunnie"

"Jessica showcase ကို Hyunnie ​နောက်​မကျချင်​ဘူး"
Seohyun,Taeyeon ကိုယ်​အနှံ့တို့တို့ ပြီးနှိုး​နေသည်​။

Taeyeonအခုထိမျက်​လုံးမှိတ်​ထားတုန်းပဲမို့ Seohyun နှုတ်​​ခမ်း​လေးဆူ​နေသည်​။သူ့သမီးနှုတ်​ခမ်း ဆူ​နေမှန်း Taeyeon သိ​နေသည်​။အဲ့ဒါသူမ​တောင်း ဆိုတာကို Taeyeon မလုပ်​​ပေးတိုင်းလုပ်​တတ်​တဲ့အရာတစ်​ခုဖြစ်​သည်​။ဟုတ်​တယ်​~သူ့အ​မေလိုပဲ!Miyoung နဲ့ချွတ်​စွပ်​ကိုတူ​နေတာ

"အခုဘယ်​နှစ်​နာရီရှိပြီလဲ?"
Taeyeon အသံအက်​အက်​နဲ့​မေးလိုက်​၏။

"၈ နာရီထိုးပြီ"
Seohyun,Taeyeon ဗိုက်​​ပေါ်ထိုင်​ရင်း​ဖြေသည်​၊

"အာ့ဆို Showcase ကဘယ်​အချိန်​စမှာလဲ?"

"ည​နေ ၄ နာရီ Daddy"
Seohyun ​နောက်​ ၈ နာရီကြာမှစမယ့်​ပွဲကိုအခု သူ့အ​ဖေကိုနှိုးတာဘာမှမဖြစ်​သလိုယုံကြည်​မှုရှိရှိနဲ့​ဖြေသည်​။

"Hyunnie အချိန်​​တွေအများကြီးကျန်​​သေးတယ်​​လေ~Daddy ကို ၁၀ နာရီ ဒါမှမဟုတ်​ ၁၂နာရီ​လောက်​မှမနှိုးချင်​ဘူးလား?"

Taeyeon ညည်းညူလိုက်​သည်​။ပြီးခဲ့တဲ့တစ်​ပတ်​လုံးအလုပ်​ရှုပ်​ခဲ့တာ​ကြောင့်​ သူအခုအရမ်းပင်​ပန်း​နေသည်​။သူအခုလုပ်​တာချင်​တာကအိပ်တာပဲ။ဒါ​ပေမယ့်​ ကြည့်​ရတာ သူ့ချစ်​သမီးကသူ့ကိုအိပ်​ခွင့်​​ပေးမယ့်​ပုံမ​ပေါ်ဘူး။

"No..No..No..Daddy!Hyunnie တို့မနက်​စာစားပြီး Showcase အတွက်​ ဝတ်​စုံ ဝယ်​ရဦးမှာ"

"ဝတ်​စုံ?ဘာ ဝတ်​စုံ လဲ?"
Taeyeon ​နောက်​ဆုံး​တော့အိပ်​ချင်​စိတ်​​ပျောက်​သွားသည်​။

"Jecika ပရိသတ်​​တွေဝတ်​တဲ့ ဝတ်​စုံ​တွေ​လေ~Daddy ရဲ့!Hyunnie တို့သွားဝယ်​ရမှာလို့~ထပါ​နော်​လို့"
Taeyeon အင်္ကျီစ ​လေးဆွဲရင်း Seohyun ​ပြောသည်​။

"Daddy တို့ဝယ်​ဖို့လိုလို့လား?"
Taeyeon မျက်​လုံး​လေး​ဖြေး​ဖြေးချင်း​ဖွင့်​လိုက်​၏

"Daddy~Please,please?"
Seohyun သူ့ရဲ့အစွမ်းထက်​လက်​နက်​ကိုထုတ်​သုံးလိုက်​ပါ​တော့သည်​။

အဖြူ​ရောင်​မုသားOnde histórias criam vida. Descubra agora