ဇာတ်​လမ်း​လေးရဲ့​နောက်​ကွယ်​ Part-1

7.5K 195 3
                                    

ပျော်​စရာ​ကောင်းတဲ့မိသားစုဘဝ​လေးတည်​​ဆောက်​ခဲ့တုန်းကသူတို့နှစ်​​ယောက်​ဟာငယ်​ရွယ်​ပြီးတစ်​​ယောက်​ကိုတစ်​​ယောက်​အရမ်းချစ်​ခဲ့ကြတယ်​။ဟုတ်​တယ်​~သူတို့နှစ်​​ယောက်​လုံးကမိန်းက​လေး​တွေ ပြီး​တော့မိန်းက​လေးနှစ်​​ယောက်​တစ်​​ယောက်​ကိုတစ်​​ယောက်​ချစ်​တယ်​ဆိုတာ ​တော်​​တော်​ကိုထူးဆန်းတယ်​​ပြောရမှာ​ပေါ့။
ဒါ​ပေမယ့်​ အငြင်းအခုံ​တွေ ရန်​​စောင်​မှု​တွေရဲ့အဆုံးမှာ ထူးဆန်း​ထွေလာဖြစ်​ရပ်​​လေးတစ်​ခု ဖြစ်​လာခဲ့တယ်​~​နောက်​ဆုံးမှာ​တော့ သူတို့ရဲ့မိဘ​တွေဟာ သူတို့နှစ်​​ယေက်​ကိုလက်​ထပ်​​ပေးဖို့သ​ဘောတူခဲ့ကြပြီ။ဇနီးမိန်းက​လေးရဲ့နာမည်​က Miyoung လို့​ခေါ်ပြီး ခင်​ပွန်းမိန်းက​လေးရဲ့နာမည်​က Taeyeon လို့​ခေါ်တယ်​​။ထိမ်းမြား လက်​​ထပ်​ခြင်းဆိုတဲ့ ပွဲ​လေးကျင်းပခဲ့ချိန်​တုန်းက သူတို့နှစ်​​ယောက်​ဟာ အသက်​၁၈နှစ်​ပဲရှိ​သေးတယ်​။

Taeyeon နဲ့ Miyoung တို့ကငယ်​သူငယ်​ချင်း​တွေ ပြီး​တော့သူတို့​တွေဟာအိမ်​ချင်းကပ်​​နေတဲ့အိမ်​​နေချင်း​တွေဆိုလဲဟုတ်​တယ်​။ပြီး​တော့သူတို့နှစ်​​ယောက်​ဟာတစ်​​ယောက်​နဲ့တစ်​​ယောက်​မ​တွေ့ဘဲနဲ့ဖြတ်​သန်းလာတဲ့​နေ့ရက်​ဆိုတာတစ်​ရက်​မှမရှိခဲ့ဘူး။Taeyeon ဟာသူ့အရုပ်​​တွေနဲ့ပဲ​ဆော့တတ်​တဲ့ဘာသိဘာသာ​နေတတ်​တဲ့က​လေးတစ်​​ယောက်​ဖြစ်​ခဲ့ဖူးတယ်​။သူမနဲ့အတူတူ​ဆော့​ပေးဖို့သူငယ်​ချင်း​တွေနဲ့မိဘ​တွေလဲမရှိခဲ့ဘူး။why?​ပြောရရင်​​တော့သူမ​ဖခင်​ဟာက​လေး​တွေနဲ့မိသားစုအတွက်​မနက်​​နေထွက်​က​နေ ​နေဝင်​သည်​အထိလယ်​ထဲမှာအလုပ်​လုပ်​​နေရတဲ့လယ်​သမားတစ်​​ယောက်​ဖြစ်​ပြီး သူမမိခင်​ဟာလဲဖခင်​နဲ့အတူလယ်​ထဲမှာကူညီလုပ်​ကိုင်​​ပေးရလို့ပါ။သူမမှာ Hayeon လို့​ခေါ်တဲ့ညီမ​လေးတစ်​​ယောက်​ရှိတယ်​။

တစ်​​နေ့မှာ​တော့သူတို့အိမ်​နားကိုမိသားစုတစ်​စု​ပြောင်းလာခဲ့တယ်​။အဲ့ဒီမိသားစုကအရမ်းကိုချမ်းသာတဲ့မိသားစုဖြစ်​ခဲ့ပြီးစီးပွား​ရေးအဆင်​မ​ပြေမှု​တွေနဲ့အတူတူအရာရာဆုံးရှုံးခဲ့ပြီးကျန်​တဲ့​ငွေ​ကြေးအနည်းငယ်​နဲ့ ဒီရွာ​လေးမှာအ​ခြေချ​နေထိုင်​ဖို့အ​ကြောင်းဖန်​လာခဲ့တယ်​။လင်​မယားနှစ်​​ယောက်​နဲ့သူတို့ရဲ့သားသမီး၃​ယောက်​တို့ဟာ Taeyeon တို့အိမ်​အတွက်​အိမ်​နီးခြင်းအသစ်​​တွေဖြစ်​လာခဲ့ကြတယ်​။အကြီးဆုံးသားနာမည်​က Jonghyun အလတ်​မ​လေးက Sooyoung နဲ့အငယ်​ဆုံး​လေးက Miyoung တဲ့။ဒီရွာ​လေးကို​ပြောင်းမယ်​လုပ်​​တော့ ​မောင်​နှမသုံး​ယောက်​ကကန့်​ကွက်​ခဲ့​သေးတယ်​။သူတို့​တွေဟာချမ်းသာပြီးဂုဏ်​သ​ရေရှိတဲ့မိသားစုမဟုတ်​​တော့ဘူးဆိုတာကို လက်​မခံနိုင်​ကြ​သေးခဲ့တာ။သူတို့မှာကြွယ်​ဝချမ်းသာမှု​တွေ ကား​တွေ ​ငွေ​ကြေး​တွေအိမ်​အကြီးကြီးနဲ့ ဘာဆိုဘာမှမရှိ​တော့ဘူး။

အဖြူ​ရောင်​မုသားTempat cerita menjadi hidup. Temukan sekarang