239 22 0
                                    

တစ်​ချိန်​ကျရင်​.....
မင်းနဲ့အနမ်း​တွေ​ဝေမျှမယ်​......
မင်းနဲ့စာအုပ်​​တွေအ​ကြောင်းအပြန်​အလှန်
ဆွေး​နွေးကြမယ်​.......
ကော်​ဖီသိပ်​ကြိုက်​တဲ့မင်းနဲ့​​နေရာစုံမှာ
ကော်​ဖီ​အမျိုးမျိုး​သောက်​ကြမယ်​.......
ဒါမှမဟုတ်​ ကိုယ်​တို့နှစ်​​ယောက်
ကော်​ဖီဆိုင်​​သေး​သေး​လေးဖွင့်​ထားကြမလား
မင်းနဲ့​ကြောင်​​လေးတစ်​​ကောင်​တူတူ
မွေးထားမယ်​.....
အမှတ်တရေ​န့ ​တွေတိုင်းမှာ နာရီသိပ်​ကြိုက်တဲ့မ​င်းကိုနာရီလက်​​ဆောင်
ဝယ်​​ပေးမယ်​....စိတ်​ချ​နော်
မင်းအတွက်​သိပ်​​အ​ရေးကြီးတဲ့ဖိနပ်​​တွေလည်းကိုယ်​မ​​မေ့ဘူး......
မင်းနဲ့ညလုံး​ပေါက်​​ဘောလုံး​ပွဲအတူထိုင်​ကြည့်​​ပေးမယ်​.....
အားလပ်​ရက်​​တွေမှာကား​လေးနဲ့ခရီး​တွေ
ထွက်​ကြမယ်​ မင်းက​လေယာဉ်​စီးရတာကို
သိပ်​မုန်းတာ​လေ....
ကိုယ်​စဉ်းစား​နေတာ မင်းရဲ့အမြင့်​​ကြောက်​တတ်
တဲ့ပြဿနာကို ဘယ်​လိုလုပ်​ရပါ့.....
Sad ending ​တွေမကြိုက်​တဲ့မင်းကို
drama​​တွေပြပြီးမျက်​ရည်​ချူမယ်​....
သိပ်​​ပျော်​စရာ​ကောင်းမှာဘဲ........
ကြိုမသိခဲ့ဘူး​ပေါ့ ဟင့်​အင်း
ဆိုးဆိုးရွားရွားသိနှင့်​နေပြီးသား
ဒါဟာ ကိုယ့်ရဲ့ယုတ္တိမတန်​လွန်းတဲ့
အ​တွေး​တွေဆိုတာ.......​တွေးရင်းနဲ့ဘဲကိုယ်​​ပျော်​​နေမိခဲ့တာ......
ကိုယ်​​ကျေနပ်​​နေခဲ့တာ ထိုသူ၏ဖြစ်​တည်​မှုကိုသိရှိခွင့်
ရခဲ့တဲ့အ​တွက်​တင်​..........

Untitled...Where stories live. Discover now