Spirit

78 8 0
                                    

ဟန်နီမကြားနိုင်တဲ့ကိုယ့်ရဲ့ခပ်ကြောင်ကြောင်တောင်းဆု
တွေကို ကြားနိုင်ဖို့ သင်ယူကြည့်ပါလား
ကိုယ့်ရဲ့တောင်းဆုတိုင်းလိုလိုဟာ မင်းကိုအခြေပြုတယ်
မင်းနဲ့ပတ်သတ်တယ် မင်းနဲ့ဘဲသက်ဆိုင်နေတယ် ဟန်နီ
ကိုယ့်ရူးသွပ်မှုတွေကို ဟန်နီများကြားနိုင်ခဲ့ရင် ကိုယ့်ကို
"ငတုံးမလေး"လို့ ခေါ်ပြီး ဆူလေမလား
ချစ်ခြင်းမေတ္တာဆိုတာ ပေးနေရရုံနဲ့ ကျေနပ်နိုင်ခဲ့ရင်
အငြိမ်းချမ်းဆုံး လှပပြီး ပျော်ရွှင်စရာပေါ့
ကိုယ်အပါအဝင် လူတော်တော်များများကတော့
ကိုယ်ပေးသလို ကိုယ်မျှော်လင့်ထားသလို အချစ်တွေ
မေတ္တာတွေပြန်မရခဲ့ရင် နာကျင်စွာပူလောင်နေကြတာပါဘဲ
ကိုယ် အခု ပူလောင်နေရတယ် ဟန်နီ
မင်းဆီက မျှော်လင့်မိတာတွေ အရမ်းများသွားခဲ့လို့နေမယ်

Untitled...Where stories live. Discover now