ဟန်နီ ပျော်နေပါရဲ့လား ကိုယ်ကတော့ဝမ်းနည်းနေတယ် မင်းမရှိတော့တဲ့နောက်ပိုင်း ပျော်ရွှင်ခြင်းက
ထပ်ခိုးခန်းလေးထဲမှာပိတ်မိလျက်သားဘဲ။
အထီးကျန်ခြင်းတွေကဘဲ မညှာမတာနေ့ညမပြတ်
အစားထိုးဝင်ရောက်လာတယ် အဲ့လိုနဲ့မင်းကိုပြန်လာပါလို့ဆုတောင်းမယ့်အစား ငါ့ရဲ့ရုပ်နဲ့နာမ် အမြန်ကွဲကွာသွားပြီးဟိုး...အဝေးကြီးကိုလွင့်သွားပါစေလို့မျှော်လင့်မိတယ်
ဒါပေမယ့် စိုးရိမ်တာတစ်ခုက မင်းက ငါ့ရဲ့သံသရာ
အဆက်ဆက်မှာပျော်ဝင်နေမယ့် ဝဋ်ကြွေးလေးများလားလို့။