မကျေနပ်ချက်လေးတွေပြောချင်လို့ပါ
ဘာအကြောင်းလဲဆိုတော့ KFMက
ကိစ္စတွေပါ..KFMလည်းအချိုးမပြေဘူး
မြန်မာmediaတစ်ချို့လည်း အဆင့်မရှိဘူး
တစ်ချို့တစ်ချို့တွေဆိုလည်းသိပ်မုန်းဖို့ကောင်းတယ်
သူတို့ထဲကတချို့ဆိုကိုယ်တွေသဘောကျဖူးတဲ့လူတွေ
(အရင်ကပေါ့နော်)အခုတော့ စိတ်ကုန်သွားတယ်
ဒါကို မနေနိုင်မထိုင်နိုင် ပြောရဦးမယ်
သူတို့ကို စင်ပေါ်တက်လာဖို့ MCကခေါ်တဲ့ထိ
ကံကောင်းကြတယ်လို့တွေးနေတုန်း
လူတွေအကောင်လိုက်လည်းမြင်လိုက်ရော
ဟင်း...ဟင်း....ဟင်း
ရင်အနာဆုံးက ကိုယ့်ကလေးတွေကို တန်ဖိုးဖြတ်လိုက်တာဘဲ သူတို့ဆိုတာလေ
တကယ်ကိုကိုယ့်အတွက် သိပ်ကိုအဖိုးတန်တဲ့
လူသားတွေ ဒါကြောင့် အရမ်းရင်နာတယ်
သူတို့ကို တန်ဖိုးရှိရှိလေးဘဲ အမြဲချစ်နေမှာ
(တူသောအကျိုးဆိုတာလေ ကိုယ့်ဘက်ကို
memတေ အကုန်ရောက်လာကြတယ်
အကုန်လုံးကိုသေချာမြင်လိုက်ရတယ်
ဒါကကြော်ငြာ)😝
ဘယ်တော့မှလည်းနောင်တရမှာမဟုတ်ဘူး
လူတွေဘာတွေပြောပြော ဘယ်လိုတွေဖြစ်နေနေ
ဆက်ချစ်နေမှာ ဒါပေမဲ့ ကိုယ်ဟာလည်းခံစားချက်ရှိတဲ့
လူတစ်ယောက်ပါ ဒီတော့ မဟုတ်မမှန်ဆိုးဆိုးဝါးဝါးတွေ
မြင်ရကြားရတာ ခံရခက်တယ်
ဘယ်သူ့ကိုအပြစ်တင်မလဲဆိုတော့လည်း
ခေါက်ရိုးကျိုးနေတဲ့ ဒီခေါက်ကြောင်းကြားက
ထိုသူတွေမရုန်းထွက်နိုင်သရွေ့တော့ ပြောရလည်း
ခက်ပါတယ် ကျွဲနားစောင်းသွားတီးတာမှ တစ်ချိန်ချိန်
ကျွဲကမှ သီချင်းထဆိုဦးမယ် ထိုအနှီလူသားတစ်ချို့
စိတ်ဓာတ်တွေပြင်ဆင်ဖို့တော့ ဒီတစ်သက်ဖြစ်နိုင်မယ်
မထင် မြန်မာမီဒီယာအချို့လည်း အံ့သြလို့မဆုံးပါဘူး
မီဒီယာဆိုတာ နိုင်ငံရဲ့ ပြယုဒ်တစ်ခုပါ
ဒီလိုဆိုးဆိုးဝါးဝါးပုတ်ခတ်ပြောဆိုတဲ့ အနေအထား
ဟာ တရားရင်ဆိုင်ရနိုင်တဲ့ အခြေအနေထိရောက်လိမ့်
မယ်လို့မတွေးမိဘူးလားကွယ် နောက်တစ်ခု ကိုယ်ရေးသားမယ့် အဖွဲ့ရဲ့ နာမည်လောက်တော့ မှန်အောင်ပေါင်းသင့်ပါတယ် ခေါင်းစည်းမှာကိုက
လွဲနေတာပါ ဒါဟာ ဆောင်းပါးတစ်ပုဒ် သတင်းတစ်ပုဒ်အတွက် လိုအပ်တဲ့ အခြေခံအချက်တစ်ခုပါ
နောက်အချိုးမပြေတာ KFM
ပွဲထဲသွင်းတာလုံးဝစနစ်မကျပါဘူး လုံးဝလုံးဝပါ
ပြန်ပြောရရင် ယုံနိုင်မှာမဟုတ် ပေါ့ပျက်ပျက်ဖြစ်
သွားမှာ ဟိုလိုပြောတာတော့မဟုတ် အဲ့ဒုက္ခက
ကြုံရတဲ့ သူတွေတောင်ခုထိမယုံနိုင်သေးဘူး
Lucky drawကတော့မပြောတော့ပါဘူး
ကျက်သရောတုံးတယ် နောက်နှစ်ထပ်ခေါ်မယ်လို့
ပြောနေပါတယ် ခေါ်ရင်တော့ဒီပြသနာတွေထပ်ကြုံရ
ဦးမှာဘဲ ဒီအချိုးတွေထပ်ကြုံရဦးမှာပါ
နောက်ဆုံးတစ်ခု....
ကိုယ့်ကလေးတွေကိုသူတို့
တန်ဖိုးဖြတ်လိုက်သလို
အဖြစ်မျိုး ထိုသူတို့တန်ဖိုးမဖြတ်ခံရပါစေနဲ့တော်တော်လေးလည်းရှည်သွားပြီ
ဒါတောင်ကျန်သေးတယ်😁
Thz☺