အချစ်ဆိုတာထူးဆန်းတယ်
အသိစိတ်မှာနာကျင်နေပေမယ့် မသိစိတ်ကတော့ပျော်ရွှင်ကခုန်နေတာမျိုး အချစ်မှာစိတ်ပါလက်ပါနဲ့ကိုပျော်ဝင်နေတဲ့အချစ်ရူး ဒါပေမယ့်လည်းရူးရင်တောင်မင်းစိတ်နဲ့ရူးချင်တဲ့
ငါ့ဆန္ဒတွေပြည့်ပါတယ် မင်းစိတ်နဲ့ငါ့ကမ္ဘာဟာ တိုးရှညင်သာစွာ ပျက်စီးနေခဲ့တယ် ကွဲကြေသွားတဲ့မျှော်လင့်ချက်တွေ
တစ်လှေကြီးနဲ့ ခြေစုံရပ်ပြီးအော်ဟစ်သံတွေဟာ မင်းရဲ့
မျက်ဝန်းညိုညိုလေးထဲမှာ တခမ်းတနားကျဆုံးသွားလေရဲ့