နေ့တွေ ရက်တွေ ကျော်လွန်သွားပေမယ့်
အကို့ကိုအရင်လို လိုအပ်နေတုန်းဘဲ
မနေချင်လို့ထွက်ပြေးသွားတဲ့အကို့ကို စိတ်ဆိုးချင်တယ်
အရင်တစ်ချိန်ကလို စက္ကူလေးတွေခေါက်လာပြီး
ညီမကိုလာချော့မလားပေါ့ အကိုများသိရင် ရူးလိုက်တာ
ဆိုပြီး အပြစ်တွေထပ်ဆိုလေဦးမလား အကိုရယ်
အကိုပါဝင်ခဲ့တဲ့နေ့ရက်တွေဟာ အခမ်းနားဆုံးအိပ်မက်တွေ
ဖြစ်ခဲ့တယ်ဆိုတာတော့ အကို့ကိုသိပ်သိစေချင်တာဘဲ