Where

76 9 0
                                    

ကိုယ် ရှိုက်ထုတ်လိုက်တဲ့အသက်ရှူသံတိုင်းမှာ မင်းအတွက်
ချစ်ခြင်းတရားတွေပါတယ်။ ပျော်ရွှင်ခြင်းတွေကို ဖန်ပုလင်း
လေးထဲမှာသိမ်းထားလိုက်တယ် မင်းမြင်ခဲ့ရင် ကိုယ့်ရဲ့
ပျော်ရွှင်ခြင်းတွေကိုကယ်တင်ပြီး တိမ်တွေပေါ်ပစ်တင်ပေးပါ
တိမ်တွေပျော်ရွှင်လာတဲ့အခါ မင်းမကြိုက်တဲ့မိုးတွေမရွာချပေး
တော့ဘူးပေါ့။ အလွမ်းတွေကိုတော့ မင်းလိုက်မရှာပါနဲ့တော့
မိုးကုပ်စက်ဝိုင်းတစ်နေရာမှာမြုပ်နှံထားလိုက်ပြီ ငါ့စိတ်ဝိဉာဉ်နဲ့
အတူပေါ့။ မင်းစိတ်နဲ့စတဲ့တစ်နေ့တာဟာ မင်းစိတ်နဲ့ကုန်ဆုံးသွားပြန်တယ် ဒီကမ္ဘာမှာ မင်းရှိမှဖြစ်မယ်လို့ အော်ဟစ်မိတဲ့
အခါ ဘယ်သူကများကြားနိုင်မလဲ။ မင်းကမသိချင်ယောင်ဆောင်နေတာလား တကယ်ဘဲမသိတာလား မင်းသိအောင်
ကိုယ့်လည်ပင်းမှာ  စာတန်းချိတ်ဆွဲထားရဦးမလား
မင်းက အရာအားလုံး လူတွေအကုန်လုံးကိုမြင်တယ်
ငါ့တစ်ယောက်တည်းကိုဘဲမမြင်တာ။
အဲ့လိုလူမျိုးဆီမှာ တခမ်းတနားကျဆုံးသွားတဲ့ ငါ့ချစ်ခြင်း
တရားတွေအတွက် အလျော်ပြန်မရနိုင်တော့ဘူးမလား
အချစ်က ခါးလိုက်တာ။

Untitled...Where stories live. Discover now