လိုချင်တာမရတဲ့အခါ ဘဝကြီးကခါးပါတယ်
တောင်းဆိုချက်တွေကချောင်မှာမျက်နှာငယ်နဲ့
နောင်တတွေမရှိဘဲနေရတော့ ပေါ့ပါးနေရောလား?
နင်မရှိတဲ့ငါ့ညနေခင်းကတော့ လေးလံလိုက်တာ
ငယ်ဘဝကအိပ်မက်တွေက ဘာတစ်ခုမှစောက်ရေးမပါ
တော့ဘူး ပြောင်းလဲသွားတာငါမဟုတ်သလိုဘယ်သူမှ
လည်းမဟုတ်ဘူး ပြောင်းလဲသွားတာအချိန်နဲ့ခံစားချက်တွေ
ပြန်ပြီးတူညီနိုင်ပေမယ့် ထပ်တူတော့မကျနိုင်တော့ဘူး
ငါ့အိပ်မက်နဲ့မျှော်လင့်ချက်တွေကို နင်ခိုးယူသွားခဲ့ပြီးပြီ